Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် စကခ(၂၁)အနီးရှိ အမတ(၃၆၆)တပ်ရင်းဌာနချုပ်ကို KIAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (​ဖေ​ဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်​ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

ဗန်း​​မော်​လေဆိပ်ကိုဇန်နဝါရီလကုန်ပိုင်းတွင်သိမ်းပိုက်ခဲ့​သော KIA နှင့်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကချင်​တောင်တန်း Screenshot

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက်စစ်ကောင်စီ အမြောက်တပ်အပါအဝင် တပ်ရင်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကယနေ့ (​ဖေ​ဖော်ဝါရီ ၂ရက်)ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်စစ်​ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ရက်မနက်အစောတွင် ထိုးစစ်အရှိန်မြှင့်ပြီး လက်ကျန်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင်အမှတ် ၃၆၆ အ​မြောက်တပ်ရင်း ( အမတ-၃၆၆) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးသည်။

ဗန်မော်ရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းဌာနချုပ် နှင့် အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် အား အပြီးသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ KIA သတင်းရင်းမြစ်တစ်ဦးကသိမ်းပိုက်ရရှိသည်မှာမှန်ကန်ကြောင်း အတည်ပြုသည်။

အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ယခု သိမ်းရခဲ့သည့် အမြောက်တပ်သည် စကခ(၂၁) အနီး၌ တည်ရှိသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမြောက်တပ် သိမ်းပိုက်နိုင်မှုအပါအဝင်ဗန်းမော်မြို့စစ်ရေး အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ်ကလည်း KIAသည် စကခ(၂၁) အနီးရှိ သံချပ်ကာတပ်ရင်း နှင့် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို သိမ်းပိုက်ထားပြီးဖြစ်သည်။ထိုစဉ်ကလည်း အမတ(၃၆၆)ရှိ စစ်ကောင်စီ၏ လက်နက်ခဲယမ်းသိုလှောင်ရုံ KIA၏ လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တို့ကပြောသည်။

KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီ၏ သံချပ်ကာ ယာဉ် ၈စီးထက်မနည်းနှင့် စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများရရှိထားသည်။

KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၂လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ခုခံလျက်ရှိသည်။ ဗန်းမော် တိုက်ပွဲပြင်းထန်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကျဆုံးများပြားကြောင်းလည်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။