Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ရဲဘော်အချို့အား တွေ့ရစဥ်(ပုံဟောင်း)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂နာရီခန့်က မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ချောင်းမကြီးတံတားအနီးသို့ အင်အား ၃၀ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ရဲဘော်များ ထိပ်တိုက်တွေ့ကာ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ၎င်းက ပြောသည်။

“သူတို့ကလည်း ထွက်ပြေးသူတွေကိုရှာရင်းက ကျွန်တော်တို့အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ သူတို့လာတာကို ကျွန်တော်တို့လည်းမသိဘူး။ သူတို့ကလည်း ကျွန်တော်တို့ရှိနေတာကိုမမြင်ဘူး။ အနီးကပ်ဖြစ်သွားတာပါ”ဟု တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့သို့ အနီးကပ်တိုက်ပွဲဖြစ်ပွား၍ နှစ်ဘက်လုံး လက်နက်ကြီးအသုံးပြုနိုင်ခြင်းမရှိဘဲ လက် နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ထိတွေ့တိုက်ပွဲတွင် တပ်ခွဲ(၃၀မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းရှပ်ထိ၍ ကျန်တစ်ဦးမှာ ခြေထောက်ရှပ်ထိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တပ်ရင်း ၃၈စ၂၊ တပ်ခွဲ(၃)ထံ သိရသည်။

စစ်ကောင်စီတပ်များ လိုက်လံရှာဖွေနေသည့် တပ်သားသုံးဦးသည် အဓမ္မတပ်သားစုစောင်းခံရသည့် စစ်မှုထမ်းအပတ်စဥ်တစ်ခုမှ တပ် သားသစ်များဖြစ်ပြီး မင်းလှအခြေစိုက် ခလရ-၁ မှ စမ်းဘုတ်ရွာစစ်ဆေးရေးဂိတ်သို့ တာဝန်ကျသည်မှာ မကြာသေးဘဲ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁ရက်နံနက်ပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

အထက်ပါ အနီးကပ်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးနှင့် ဒဏ်ရာရတပ်သားများကို သယ်ဆောင်၍ စမ်းဘုတ်ရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့