Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်တပ်၏ ဖမ်းဆီးခံရသူပြည်သူတစ်ဦးက သေနတ်နှစ်လက်နှင့် ကျည်များယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသော ပြည်သူတစ်ဦးက သေနတ်နှစ်လက်နှင့် ကျည်များယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF မှ တာဝန်ရှိသူ ကိုသန့်ကက လူထုနွေဦးသို့ပြောသည်။

သေနတ်နှင့် ကျည်များယူဆောင်လာသူ တစ်ဦးအား ချောင်းဦး PDFက ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ - CHU PDF

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသော ပြည်သူတစ်ဦးက သေနတ်နှစ်လက်နှင့် ကျည်များယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF မှ တာဝန်ရှိသူ ကိုသန့်ကက လူထုနွေဦးသို့ပြောသည်။

ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုတွင် ဖမ်းဆီးခံထားရသော ပြည်သူတစ်ဦးသည် G-3 နှစ်လက်၊ ကျည်ဘောက် လေးဘောက်နှင့် ၇.၆၂ကျည် ၁၀၀ကျော် ယူဆောင်ခဲ့သည်ဟု ဆိုသည်။

“သူကျွန်တော်တို့ဆီ ဆက်သွယ်ပြီးဝင်လာတဲ့ရက်ကတော့ နည်းနည်းကြာပြီ။သူ့လုံခြုံရေးအရ ချက်ချင်း မဖော်ပြတာ။ပြီးတော့ အထိုင်စခန်းကိုလည်း ထည့်မဖော်ပြတာဗျ။အခုတော့ သူက လက်နက် တွေကျွန်တော်တို့ဆီအပ်ပြီး သူ့ စိတ်ကြိုက်နေရာကို ရောက်ရှိသွားပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်များယူဆောင်လာခဲ့သူကို ချောင်းဦး PDFက ဆုငွေကျပ်သိန်းတစ်ရာချီးမြင့်ခဲ့ကြောင်းလည်း အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ်၌ အထိုင်စခန်းအချို့၏ တပ်တည်၊ တပ်လှုပ်ရှားမှုများပြောင်းလဲနေကာ အင်အားဖြည့်တင်းနေသည်ဟု ကိုသန့်က ပြောသည်။

ထို့ကြောင့် မုံရွာ-မန္တလေးလမ်းမကြီးအသုံးပြုသူများနှင့် လမ်းဘေးဝဲယာ ကျေးရွာများ၌ ပေါ်တာဆွဲခြင်း ၊ ဓါးစာခံဖမ်းခြင်းများ ပြုလုပ်နိုင်ခြေရှိကြောင်းလည်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

သတင်း

ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ကားနှစ်စီးပါစစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၃ဦးသေဆုံးပြီး သေနတ်၂၀ လက်သိမ်းဆည်းနိူင်ကာ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

News

နိုဝင်ဘာ ၂ရက်က ပေးပို့လှူဒါန်းခဲ့သည့် ယင်းအလှူအတွက် ကျေးဇူးတင်ကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chaung U PDF)က ယနေ့ ထုတ်ပြန်သည်။