Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ မီးဖြတ်ခံရပြီးနောက် စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ရတဲ့အခြေအနေဖြစ်လာ

ထိုင်း – မြန်မာ နယ်စပ် မြန်မာ ဘက်ခြမ်း မြဝတီမြို့က အွန်လိုင်း ငွေလိမ်းဂိုဏ်း(ကျားဖြန့်) တွေဆီ လျှပ်စစ်မီး ဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် ဒေသခံတွေ ဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

မြဝတီမြို့ကို တွေ့ရစဉ်(ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာ နယ်စပ် မြန်မာ ဘက်ခြမ်း မြဝတီမြို့က အွန်လိုင်း ငွေလိမ်းဂိုဏ်း(ကျားဖြန့်) တွေဆီ လျှပ်စစ်မီး ဖြန့်ဖြူးတာကို ထိုင်းဘက်က ဒီနေ့မှာ စတင်ဖြတ်တောက်လိုက်ပြီးနောက် ဒေသခံတွေ ဟာ စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

မြန်မာဘက် နယ်စပ်ဆီ လျှပ်စစ်မီးအပြင် လောင်စာဆီပါ ဖြတ်တောက်ဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြား လိုက်ပြီးနောက် ဒီမနက်မှာ လျှပ်စစ်မီး စတင်ဖြတ်တောက်ခံရတာလို့သိရပါတယ်။

စက်သုံးဆီပါ ဖြတ်တောက်ခံရလာနိုင်တဲ့ သတင်းတွေထွက်လာတဲ့အတွက် မြဝတီမြို့ခံတွေဟာစက်သုံးဆီဆိုင်တွေမှာ ဆိုင်ကယ်၊ ကား တွေကို ကြိုတင် စက်သုံးဆီဖြည့်တင်းလာတာကြောင့် တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့အခြေအနေ ဒီမနက်မှာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

“ဓာတ်ဆီမရှိဘူး၊ ဒီဇယ်ပဲရတယ်၊ ဝယ်လို့ရတယ်၊ တန်းစီရတယ် ကားများတယ်” လို့ ရွှေ ကုက္ကိုလ်ဒေသခံတစ်ဦးက ဆိုပါတယ်။

ထိုင်း – မြန်မာနယ်စပ်တလျောက် မြန်မာဘက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေ ကို နှိမ်နင်းဖို့အတွက် ထိုင်းအစိုးရဟာ မြန်မာဘက်ဆီ လျှပ်စစ်မီးဖြန့်ဝေရာ နေရာ ၅ ခုကို ဒီမနက်ပိုင်း ထိုင်းစံတော်ချိန် မနက် ၉ နာရီက စတင်ပြီး မီးဖြတ်လိုက်တာပါ။

မီးဖြတ်ခံရတဲ့ နေရာတွေကတော့ မြဝတီမြို့၊ ဘုရားသုံးဆူမြို့နဲ့ တာချီလိတ်မြို့ တို့ဖြစ်ပါတယ်။မြဝတီမြို့မှာတော့ ကျားဖြန့် နာမည်ကြီး နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်ပါ ပါဝင်ပါတယ်။

စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်မှာ မီးဖြတ်တာခံရပေမယ့် မီးစက်တွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်က မြဝတီ မြို့မှာရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတွေ ရရှိနေတာမျိုး မဖြစ်အောင် ချက်ချင်း တုံ့ပြန် တားဆီးရမယ်လို့ ညွှန်ကြားချက် ပေးခဲ့တာပါ။

နောက်ဆက်တွဲအနေနဲ့တော့ ဒီမနက် မီးဖြတ်ခံရပြီးနောက် မြဝတီမြို့က ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံလည်ပတ်မှု ရပ်ဆိုင်းသွားရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မီးဖြတ်ခံရတဲ့အထဲမှာတဲ့ နယ်စပ်မြို့ ဘုရားသုံးဆူမြို့မှာလည်းဆိုရင်လည်း စက်သုံးဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရသလို ဆီစျေးဟာလည်း အရင်က တစ်လီတာကို ၃၅ ဘတ်ကနေ ဘတ် ၆၀ အထိ စျေးတက်လာတယ်လို့ မြို့ခံဆီကသိရပါတယ်။

မြဝတီမြို့ကို တွေ့ရစဉ်(ပုံဟောင်း)

ဓာတ်ပုံ – ဝီကီ

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

Facebook