Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရောက် မြန်မာအသိုက်အဝန်းကို ဂျပန် နိုင်ငံခြားရေး ဒုဝန်ကြီး တွေ့ဆုံ

ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟာ ဂျပန်နိုင်ငံရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ မြန်မာအသိုက်အဝန်းကိုယ်စားလှယ်များတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - MOFA-JP

◾️မြန်မာ့အခြေအနေက တိုးတက်မှု အရိပ်အယောင်မပြသသေးတဲ့အပေါ် ဂျပန် စိုးရိမ်ဟုဆို

People’s Spring

ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟာ ဂျပန်နိုင်ငံရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံခြားရေး ဒုတိယဝန်ကြီး မီယာဂျီ တာကူမာဟာ ဖေဖော်ဝါရီ ၄ ရက်မှာ ဂျပန်ရောက် မြန်မာအသိုက်အဝန်းရဲ့ ကိုယ်စားလှယ်တွေကို လက်ခံ တွေ့ဆုံခဲ့တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၄ နှစ် ပြည့်မြောက်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မိနစ် ၂၀ ဝန်းကျင်သာ ကြာမြင့်ခဲ့ပေမယ့် စုံလင်ကွဲပြားတဲ့ တင်ပြချက်တွေကို ဒုတိယ ဝန်ကြီးက နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုရဲ့ အဓိက ဦးတည်တဲ့ ဆွေးနွေးမှု အကြောင်းအရာဟာ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေနဲ့ ဂျပန်က မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဘယ်လို အခန်းကဏ္ဍကနေ ကူညီနိုင်မလဲ ဆိုတာတွေ ဖြစ်ပါတယ်။

ပြီးတော့ မြန်မာ အသိုက်အဝန်းရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာ့ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်နဲ့ ငြိမ်းချမ်းရေး အလျင်အမြန် ပြန်လည် ရရှိစေဖို့ ခိုင်မာထိရောက်တဲ့ မူဝါဒတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး တောင်းဆိုတဲ့ မေတ္တာရပ်ခံ စာတစ်စောင်ကိုလည်း မီယာဂျီဆီကနေတဆင့် ဂျပန်အစိုးရဆီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယဝန်ကြီး မီယာဂျီကလည်း အာဏာသိမ်းမှု နောက်ပိုင်း ၄ နှစ်ကြာလာတဲ့ထိ မြန်မာ့ အခြေအနေက တိုးတက်မှု အရိပ်အယောင် မပြသသေးတဲ့အပေါ် ဂျပန်အနေနဲ့ အထူးတလည် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးက က ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ၄ နှစ်ပြည့် ကာလမှာ နိုင်ငံခြားရေး ဝန်ကြီး တာကီရှီ အီဝါယာ ပြောကြားခဲ့တဲ့ မြန်မာ့အရေး ဂျပန်ရဲ့ ရပ်တည် တောင်းဆိုချက်တွေကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ အဲဒါတွေကတော့ အာဏာသိမ်း မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီ စနစ်ကို နှောင့်နှေးမှုမရှိ အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ရေးကို အားတက်သရော ဆက်လက် အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့သလို အခြေအနေတွေ ပိုတိုးတက်လာအောင် သက်ဆိုင်ရာ အင်အားစု အသီးသီးနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေ တက်တက်ကြွကြွ ဆောင်ရွက်သွားမယ်လို့လည်း အထက်ပါဒုဝန်ကြီးက ကတိပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။