Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ် ရေယာဥ်တစ်စင်း ပစ်ခတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စင်းကို မဟာမိတ်အဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ် ပကဖ မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - စလင်းမြို့နယ်တွင် စစ်ကောင်စီတပ် ရေယာဥ်တစ်စင်း ပစ်ခတ်သည့်ရုပ်သံဖိုင်

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စင်းကို မဟာမိတ်အဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ် ပကဖ မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်)နံနက် ၁၁ နာရီခွဲခန့်က မင်းဘူးမြို့ဘက်မှ စလင်းမြို့ နယ်၊ တညောင်တိုက်နယ်ဘက်သို့ မြစ် ကြောင်းအတိုင်း ဆန်တက်လာသော စစ်သဘော်တစ်စင်းကို မဟာမိတ်ပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြော သည်။

“ကျနော်တို့ သိထားရသလောက်တော့ အဲဒီစကစ သဘော်က ပခုက္ကူလောက်အထိ ဆန်တက်မယ်လို့ သိရတယ်ဗျ။ အဲဒီမှာ ကျနော်တို့က လမ်းကနေစောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ”ဟု စလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ရေယာဥ်ပေါ်တွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်လိုက် ပါလာပြီး မဟာမိတ်တပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကို စက်ကလေးဖြင့် ပြန်လည်ခုခံကာ အတွင်းသတင်းအရ စစ်ကောင်စီတပ် သားတစ်ဦးသေဆုံး၍ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

မင်းဘူးမြို့နယ်ဘက်မှ စလင်းမြို့နယ်အ တွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ရေယာဥ်အုပ်စုမှာ ၁၃ စီးခန့်ပါဝင်ပြီး ယင်းအနက် ၁၂ စီးမှာ ကုန်းဇောင်းနှင့် သံကိုင်း ဆိပ်ကမ်းများအနီး ဆိုက်ကပ်ကျန်ရစ်ခဲ့ပြီး ကြားဖြတ်တိုက်ခိုက်ခံရသည့် တစ်စီးသာလျင် မြစ်အထက်ပိုင်းသို့ ဆန်တက်လာခြင်းဖြစ်ကြောင်း မဟာမိတ်တပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

အထက်ပါ စစ်ကောင်စီတပ်ရေယာဥ်အား တိုက်ခိုက်မှုကို စလင်းမြို့နယ် ပကဖ၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့၊ ဧရာဘီလူး(LPDF)၊Tiriger Freighter(LPDF)နှင့် ဒေါင်းစစ် အောင်(LPDF)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်ကာနေအိမ်များ မီးရှို့ဖျက်ဆီးနေကြောင်း အဆိုပါမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။

သတင်း

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း အမှတ်(၅) တပ်ရင်းက အသိပေးသည်။