Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာဌာနချုပ်အပါအဝင် တိုက်ပွဲမရှိသည့် ကချင်ဒေသနေရာ ၈ ခုထက်မနည်းကို စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဓာတ်ပုံ - လန်ဆယ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်

▪️ဗန်းမော်၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းပစ်ကူများ ဆက်တိုက်ပြုလုပ်ခုခံ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဓာတ်ပုံ – လန်ဆယ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်

ဖေဖော်ဝါရီ ၁ရက်မှ ၇ရက်အထိ တပတ်အတွင်း စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၈ရက် ညပိုင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၃ရက် ညနေပိုင်း၌ စစ်ကောင်စီက KIA တပ်မဟာ(၁)နယ်မြေ တန်ဖဲရွာ နှင့်ဝိုင်ရှိ ကျေးရွာကြားကို စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ၃ကြိမ်ဗုံးကြဲခဲ့သည်ဟု အသိပေးသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် အရပ်သားတစ်ဦးသေဆုံးကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။

ယင်းနေ့ညပိုင်း၌ပင် မလိခအရှေ့ဘက် ဂွေထော် ရွာသို့လည်း လေကြောင်း မှု ၃ကြိမ် ပြုလုပ်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖေဖော်ဝါရီ ၃ရက်တွင် KIAတပ်မဟာ(၂)ဒေသကို စစ်ကောင်စီက လေလေကြာင်းတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ရက်တွင် KIA တပ်မဟာ(၂) ဒေသ စစ်ရေးလှုပ်ရှားနေသည့် ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီ ၆ရက် ည ၁၀နာရီခွဲတွင် စစ်ကောင်စီက KIAတပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီက အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ဌာနချုပ်လိုင်ဇာ ဘက်သို့လည်း အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် ဖေဖော်ဝါရီ ၇ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဆဒုံးဒေသသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သကဲ့သို့ ဆော့လော်မြို့နယ် လန်ဆယ်ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

လန်ဆယ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ ၅ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။ ထို့ပြင် နေအိမ်ပျက်စီးထိခိုက်မှုများ ရှိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်တို့က အသိပေးထားသည်။

ထို့ပြင် ဗန်းမော်မြို့နယ်၌ တိုက်ပွဲဆက် ပြင်းထန် နေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ်များ အသုံးပြု တိုက်ခိုက်နေကြောင်းလည်း ဖော်ပြထားသည်။

ဗန်းမော်မြို့ကို ဖေဖော်ဝါရီ ၂ရက် နံနက်မှစ၍ KIAစစ်ရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ ဗန်းမော် စကခ(၂၁)တပ်ရင်း၊ ဗန်းမော်ကန်တော်စာသင်ကျောင်း၌ တပ်စွဲထားသည့် ခလရ(၂၃၆) တပ်ရင်း၊ အမြောက်တပ်များကို ထိုးစစ်ဆင်ခဲ့ရာ အမြောက်တပ် (၃၆၆)တပ်ရင်းကို သိမ်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂ရက်ပင် KIA တပ်မဟာ(၉) ဆယ်ဇင်းဒေသရှိ SNA ပြည်သူ့စစ်စခန်းများကို KIA တပ်ရင်း(၂၆) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ SNA စခန်းတစ်ခုကို သိမ်းယူခဲ့သည်ဟုဆိုသည်။

KIAတပ်မဟာ(၂)နယ်မြေ တနိုင်းဒေသ၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး ပြည်သူများကို တင်းကြပ်စွာစစ်ဆေးနေသည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

“တိုက်ပွဲက ပုံမှန်ဖြစ်ပွားနေ။ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုက ပိုများလာနိုင်ပါတယ်။ အဓိက KIAနဲ့ TNLA ထိန်းချုပ်ဒေသတွေကို စကစ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်”ဟု ကချင်စစ်ရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်နှင့် နှင့် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသကို ဇန်နဝါရီအတွင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ ကချင်ပြည်နယ်၌ ဒေသခံ အရပ်သား ပြည်သူ ၃၀ဦးခန့်သေဆုံးခဲ့ပြီး ရှမ်းမြောက် TNLA ထိန်းချုပ်ဒေသ၌ အရပ်သား ၁၃ဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။