Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သား သုံးဦးသေဆုံး၊ ၂၀ ထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသုံးဦး သေဆုံးပြီး ၂၀ထက်မနည်း ဒဏ်ရာရသွားသည်။

မိုးကုတ်မြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရအပြီး နေအိမ်အ ဆောက်အအုံများပျက်စီး နေသည်ကို ၂၀၂၄ နိုဝင်ဘာ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသုံးဦး သေဆုံးပြီး ၂၀ထက်မနည်း ဒဏ်ရာရသွားသည်။

ယမန်နေ့ည ၁၂နာရီ ၅ မိနစ်မှ ၁၂ နာရီ ၃၇မိနစ်အတွင်း ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“အနောက်ပိုင်းက ဝင်းထရံလုပ်ကွက်ကို ဗုံးကြဲတာ။ ၃၃လုံး။ ပေါက်ကွဲသံတွေ ကြားရတာ။ ကျောက်လုပ်ကွက်ကို ကြဲတာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ သုံးဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရသွားသည့်အနက် ကျောက်တူးလုပ်သားအချို့၏ မိသားစုဝင် အမျိုးသမီးအချို့ပါသည်ဟု ၎င်းက ပြောသည်။

တံတားဦးလေတပ်မှ တက်သော Y-12 Military Light Transport Aircraftက တိုက်ခိုက်ခြင်းဟု လေကြောင်းပျံသန်းရေးသတိပေးချက် စာမျက်နှာအချို့က ထုတ်ပြန်သည်။

“တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့နယ် ယမန်နေ့ဖေဖော်ဝါရီလ(၉)ရက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ လေကြောင်းလာရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို နောက်ပိုင်းတွင် ဖော်ပြပါမည်။”ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်က မိုးကုတ်မြို့ ဂေါက်ကွင်းအနီး ဗုံး၁၄လုံးနှင့် မစိုးရိမ် ကျောင်းတိုက်တွင် ဗုံးငါးလုံးကြဲချရာ နေအိမ် ငါးလုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဥ် တစ်စီး ပျက်စီးခဲ့သည်။

မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင်သိမ်းယူခဲ့ပြီး မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။

တိုက်ပွဲများဖြစ်ပွားစဉ်က တိမ်းရှောင်ခဲ့သည့် ဒေသခံများသည် လက်ရှိတွင် မိုးကုတ်မြို့၌ ပြန်လည်အခြေချနေသည်။

၂၀၂၄ နိုဝင်ဘာ ၁၁ ရက် ညကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့၊ ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းရေပေးဝေနေတဲ့ အဓိကပိုက်လိုင်းတွေ ပျက်စီးသွားတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ၄ရက်လောက် ရေအခက်အခဲရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ကမိုးကုတ်မြို့ကိုငြိမ်းချမ်းနေသယောင်ဝါဒဖြန့် နေပေမယ့် မြို့အနောက်ပိုင်းတမိုင်ခန့်အကွာမှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဘက်မှာ ယခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲဆီ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ် ကောင်စီတပ်နဲ့ တိုက်ပွဲကြီးငယ် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စွဲရာ နေရာ ၂နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။