Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် ပတ်လည်အင်းရွာကို စစ်တပ်က ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ခတ်၊ ဒေသခံ ၅ ဦး ထိခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်အား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၄ ဇူလိုင်၉ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ရက် မနေ့က နေ့လည်၁၂ နာရီကျော်လောက်မှာ မတ္တရာမြို့၊ ဘောလုံးကွင်းအတွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဇာအမြောက်နဲ့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“မနေ့က ဟောင်ဝစ်ဇာတွေနဲ့တော်တော်ပစ်တယ်။နေ့ခင်းလည်း ပတ်လည်အင်းကို ပစ်တယ်။ညဘက်လည်း မြစ်ကမ်းဘေးကရွာတွေကို ပစ်တာ။ မီးတန်းတွေမြင်နေရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက် ၉ နာရီကျော်နဲ့ ၁၀ နာရီကျော်မှာလည်း စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ရွှေပြည်၊ ဘုံသာဘုန်းကြီးကျောင်းပေါ်ကျတာအထိခိုက်မရှိဘူး”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ ပကဖရဲဘော်တစ်ဦးရဲ့ မင်္ဂလာဆောင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိခိုက်မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ရက် ညပိုင်းကလည်း မိုးကုတ်မြို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။