Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ အသုံးပြုဖို့ဆင်းမ်ကတ်တွေ ထုတ်လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေကိုTrue ငြင်းဆို

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုဖို့ ရည်ရွယ်ပြီး မြန်မာဘာသာသုံး ဖုန်းဆင်မ်ကတ်တွေ ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Trueက ငြင်းဆိုခဲ့ပါတယ်။

မဲ​ခေါင်မြစ်အတွင်း​တွေ့ရတဲ့ စွန့်ပစ်ထားတဲ့ဖုန်းဆင်းကတ်​တွေ။ ဓါတ်ပုံ-The Nation

People’s Spring

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုဖို့ ရည်ရွယ်ပြီး မြန်မာဘာသာသုံး ဖုန်းဆင်းမ်ကတ်တွေ ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းဆက်သွယ်ရေး နည်းပညာလုပ်ငန်းစုကြီး True က ငြင်းဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ Tureက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ကုမ္ပဏီက ထုတ်လုပ်တဲ့ မြန်မာဘာသာသုံး ဖုန်းဆင်းမ်ကတ်တွေဟာ ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အတွက်သာ ရည်ရွယ်တယ်လို့ ဖြေရှင်းထားခဲ့ပါတယ်။

ထိုင်းရဲ့ မွတ်ခ်ဒါဟန်ပြည်နယ်နဲ့ထိစပ်နေရာမဲခေါင်မြစ်ထဲမှာ စွန့်ပစ်ထားတဲ့ ဖုန်းဆင်မ်ကတ် ၂၀၀၀ ကျော်ကို ရှာတွေ့ခဲ့ပြီး အဲဒီထဲမှာ Tureက ထုတ်လုပ်ပြီး မြန်မာဆင်မ်လို့ စာတန်းရေးထိုးထားတဲ့ TrueMove H ဆင်မ်ကတ်တွေပါ ပါဝင်နေတဲ့နောက် ကုမ္ပဏီအပေါ် အခုလို စွပ်စွဲချက်တွေ အစပြုလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ Tureကတော့ ကုမ္ပဏီဟာ မြန်မာနိုင်ငံထဲမှာ အသုံးပြုဖို့ ဆင်းမ်ကတ်တွေ ထုတ်လုပ်တာ မဟုတ်ကြောင်း သေသေချာချာ ရှင်းလင်းခဲ့ပြီး အခုလိုမျိုး ဆင်မ်ကတ်တွေ စွန့်ပစ်ထားတယ် ဆိုတာမျိုးကလည်း အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် အတိအကျ ပြန်လည် ဆန်းစစ်တဲ့ ကုမ္ပဏီရဲ့ မူဝါဒကြောင့် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

Trueဟာ သုံးစွဲသူ တိတိကျကျ မှတ်ပုံတင်မထားနိုင်တဲ့ ဆင်မ်ကတ်တွေကို အသုံးပြုလို့ မရအောင် ပိတ်ပစ်တာမျိုးတွေ လုပ်ခဲ့တဲ့အတွက် အပိတ်ခံရတဲ့ ဆင်မ်ကတ်တွေကို သုံးစွဲသူတွေက စွန့်ပစ်တာ ဖြစ်နိုင်ကြောင်းလည်း ကုမ္ပဏီက မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာဘာသာသုံးဆင်းမ်ကတ်တွေပါ ထုတ်လုပ် ရောင်းချတာဟာ ကုမ္ပဏီရဲ့ အရောင်းမြှင့်တင်ရေး မဟာဗျူဟာတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုသာ အဓိက ရည်ရွယ်တာ ဖြစ်တယ်လို့လည်း Trueက ဆိုပါတယ်။

မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ ဖုန်းဆင်းမ်ကတ်တွေ ဖြန့်ဝေရောင်းချဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တဲ့ မူဝါဒမျိုး ကုမ္ပဏီမှာ လုံးဝမရှိဘူးဆိုတာ အခိုင်အမာ အတည်ပြုလိုကြောင်းTrueကထုတ်ပြန်သွားပါတယ်။

နောက်ပြီး ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက်တွေ အားလုံးဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းတွေကို အတိအကျ လိုက်နာပြီး လည်ပတ်နေတယ်လို့လည်း True က အာမခံ ကြေညာသွားပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျားဖြန့် ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲခံထားရသူ တရုတ် နိုင်ငံသား တစ်ဦးကို ကမ္ဘောဒီးယားက တရုတ်အစိုးရဆီ လက်လွှဲပေးခဲ့ကြောင်း သိရပါတယ်။