Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင်တွေပါတဲ့ ယာဉ်စစ်အဖွဲ့က ကားနဲ့လှည့်ပြီး စစ်ဆေးငွေညှစ်နေ

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကို အထိုင်ချ မစစ်ဆေးတော့ဘဲ စစ်တပ်လက်ဝေခံ ပျုစောထီးတွေ ပါတဲ့အဖွဲ့က မြို့တွင်း ကားနဲ့ လှည့်ပြီး စစ်ဆေးကာ ငွေညှစ်တာတွေ အခုရက်ပိုင်းပြုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဆီကသိရပါတယ်။

အာဏာမသိမ်းခင်က မန္တလေးမှာ ယာဉ်စစ်ဆေးမှု ကိုတွေ့ရပုံ ဓာတ်ပုံ - MDN

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကို အထိုင်ချ မစစ်ဆေးတော့ဘဲ စစ်တပ်လက်ဝေခံ ပျုစောထီးတွေ ပါတဲ့အဖွဲ့က မြို့တွင်း ကားနဲ့ လှည့်ပြီး စစ်ဆေးကာ ငွေညှစ်တာတွေ အခုရက်ပိုင်းပြုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဆီကသိရပါတယ်။

ယခင်က မန္တလေးမှာ ယာဉ်ထိန်းရဲအဖွဲ့ ဦးဆောင်ပြီး ယာဉ်စစ်တာကို မြို့ရဲ့အဓိက လမ်းမကြီးတွေမှာ အထိုင်ချ စစ်ဆေးလေ့ရှိတာပါ။

အခု ကားနဲ့လှည့်ပတ်စစ်ဆေးတဲ့အဖွဲ့ကတော့ ရပ်ကွက် လမ်းကြို လမ်းကြားပါမကျန် လိုက်လံစစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းသူ တွေ ၊ ကားမောင်းနေချိန် ခါးပတ်မပတ်သူတွေကို ပစ်မှတ်ထား စစ်ဆေးတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အနည်းဆုံးတော့ သုံးသောင်း(ကျပ်) ကစပေးရတာ၊မရမက ငွေအတင်းရှာနေတာ “လို့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ စစ်ဆေးခံရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ကားနဲ့လိုက်လံ စစ်ဆေးတဲ့အဖွဲ့ထဲမှာ ယာဥ်ထိန်းရဲမပါဘဲ စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ ရပ်ရွာလုံခြုံရေး( ရလဖ )ခေါ် အပြာရောင် ယူနီဖောင်းဝတ်အဖွဲ့ဝင် ပါဝင်တယ်လို့ သိရတယ်။

“အန်တီက ရှေ့မှာဖမ်းနေလို့ရှောင်ပြီးကွေ့သွားတာကို နောက်ကနေ ကားနဲ့လိုက်လာပြီးဖမ်းတာ”လို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ အသက်၅၀အရွယ်အမျိုးသမီးက ပြောပါတယ်။

မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စစ်ကောင်စီ ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားပါတယ်။

မန္တလေး ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး လက်ဝေခံ ပျုစောထီးတွေ မွေးထုတ်ကာ ရပ်ကွက်လုံခြုံရေးယူစေတာ ၊ တိုက်ပွဲတွေမှာ ခေါ်ယူ အသုံးပြုတာတွေ ရှိနေပါတယ်။

စစ်တပ်မွေးထုတ်ထားတဲ့ ပျုစောထီးတွေဟာ ရပ်ကွက်တွေထဲ ကင်းပတ်တာ ၊ ဧည့်စာရင်းစစ်တာ ၊ လမ်းသွားလမ်းလာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာမျိုးတွေ ပြုလုပ်ခဲ့တာလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook