ကဖေး/People’s Spring
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးခဲ့သည်။
ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပွဲအထိမ်းအမှတ်ပြုလုပ်ခြင်းဖြစ်သည်။
မြို့ခံများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပဲပြုတ်နှင့် နံပြား လိုက်လံကျွေးခဲ့သည်။ ကျောက်မဲမြို့ကိုTNLA ဦးဆောင်မှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အဖြစ် ပဲပြုတ်နှင့် နံပြားကျွေးသည့် အစီအစဉ်ကို တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ဒေသများအနက် မြို့နယ်အချို့တွင် ပြုလုပ်ခဲ့သည်။
