Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်

မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်တို့က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၁၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ Voice of Mandalay၊ NRFF

သုည/People’s Spring

မန္တလေး၊ စစ်ကိုင်းနဲ့ မွန်ပြည်နယ်တို့က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၁၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့ပေါ် စျေးချိုနာရီစင်အနီးမှာ Voice Of Mandalay မှ တော်လှန်လူငယ်တွေက “မင်းအောင်လှိုင်M A L” လို့ သွေးတုနဲ့ စာရေးသားခဲ့ပြီး တော်လှန်ရေးစာရွက်တွေကို ဖြန့်ကြဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ (၁၁၀) ပြည့်နှစ် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထင်ကရနေရာတွေမှာလည်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ မွန်လူငယ်တစ်ဦးက အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆန့်ကျင်တဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ဒီကနေ့မှာ ပြည်သူတွေဆီ "လူထုလှုပ်ရှားမှု" ဆိုင်ရာ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။

သတင်း

နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁ရက်က လန်ဒန်မြို့ ပါလီမန်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။