Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ပြည်သူ ၆၀၀တတ်ရောက်ခဲ့တဲ့ လန်ဒန်မြို့က လူထုလှုပ်ရှားမှု

နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁ရက်က လန်ဒန်မြို့ ပါလီမန်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ-၂၊၂၀၂၆။တေဇ/People’s Spring

နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် လူထုဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁ရက်က လန်ဒန်မြို့ ပါလီမန်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို ယူကေနိုင်ငံရောက် မြန်မာ ၆၀၀ခန့်တတ်ရောက်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အပါအဝင် နိုင်ငံတကာ အကူအညီရရှိရေး၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန်း အရေးယူ ဖိအားပေးရေး ၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းပြန်လွှတ်ပြီး ပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် စစ်ကောင်စီကို နိုင်ငံတကာက ဘက်ပေါင်းစုံပိတ်ဆို့အရေးယူပေးရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲကို ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်‌တွေ ဖြစ်တဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကို တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ၊ လန်ဒန်မြို့တော် ဝန်ကြီးဟောင်း Mr Paul Scully နဲ့ ယူကေရောက် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်စကားပြောခဲ့ပါတယ်။

ဒါ့အပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာလည်း အာဏာသိမ်းကာလ (၅)နှစ်မြောက် နှစ်ပတ်လည် ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ရက်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးနဲ့ ဂုဏ်သိက္ခာ ကျဆုံးခဲ့ရတဲ့တရားခံ စစ်တပ်ကို မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Myanmar Events in UK

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။