Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်က လုပ်ငန်းခွင်တွေကို BGF ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်

ကျားဖြန့် /လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက် ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ် က တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်တွေကို ကရင့်နယ်ခြားစောင့်(BGF) က ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကျားဖြန့် /လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက် ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ် က တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်တွေကို ကရင့်နယ်ခြားစောင့်(BGF) က ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကသိရပါတယ်။

ရွှေကုက္ကိုလ်မှာရှိတဲ့ လုပ်ငန်းခွင်တွေ ၊ အဆောင်တွေကို ဝင်ရောက်စစ်ဆေးတာဖြစ်ပြီး တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားအများအပြားကိုဖမ်းဆီးကာ ရွှေကုက္ကိုလ်ထောင်အနီးက အဆောက်အဦးတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားဦးရေကိုအတိအကျမသိရသေးမယ့် မကြာခင်ရက်ပိုင်းမှာပဲ ထိုင်းဘက်ဆီ လွှဲပြောင်းပေးဖို့ BGF က စီစဉ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ငန်းတွေကြောင့် ရွှေကုက္ကိုလ်မြို့သစ် နာမည်ဆိုးနဲ့ ကျော်ကြားလာပြီးနောက် အဲဒီမြို့သစ်ကို ထိန်းချုပ်ထားတဲ့ BGF က ကျားဖြန့်နဲ့ လူကုန်ကူးမှု တိုက်ဖျက်မယ့် အထူးအဖွဲ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းခဲ့ပါ တယ်။

မြဝတီမြို့ထဲမှာ ရှိနေတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့ လူမှောင်ခို ကူးခံခဲ့ရတဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင် ၃ ယောက်ကို ဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် လုံလောက်တဲ့ အထောက်အထား မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဝရမ်း ကိစ္စကို ရပ်နားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်ကတော့ BGF ဟာ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၆၀ ကျော်ကို ထိုင်းအစိုးရ ဆီ လွှဲပြောင်းပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...