Connect with us

Hi, what are you looking for?

သတင်း

တရုတ်စီစဉ်သည့်ဆွေးနွေးပွဲ စစ်ကောင်စီက အပေါ်စီးကဆွေးနွေးမည့် သဘောဆောင်ဟု TNLAခေါင်းဆောင် ပြော

တရုတ်အစိုးရ၏စီစဉ်မှုဖြင့် ဖြစ်ပေါ်လာသည့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီအကြားဆွေးနွေးပွဲတွင် စစ်ကောင်စီက အပေါ်စီးက ဆွေးနွေးမည့်သဘောဆောင်နေကြောင်း ဆွေးနွေးပွဲစတင်သည့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် TNLA အထွေထွေအတွင်း ရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးသည်။

TNLA ထိပ်ပိုင်းခေါင်းဆောင်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဆွေးနွေးပွဲမတိုင်မီ မြေပြင်ထိုးစစ်ပိုတိုးလာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေဟု အသိပေး

ထားမြတ်/People’s Spring

တရုတ်အစိုးရ၏စီစဉ်မှုဖြင့် ဖြစ်ပေါ်လာသည့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီအကြားဆွေးနွေးပွဲတွင် စစ်ကောင်စီက အပေါ်စီးက ဆွေးနွေးမည့်သဘောဆောင်နေကြောင်း ဆွေးနွေးပွဲစတင်သည့် ယနေ့(ဖေဖော်ဝါရီ ၁၆ရက်)တွင် TNLA အထွေထွေအတွင်း ရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးသည်။

PSLF/TNLA ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ စီစဉ်ချက်အရ စစ်ကောင်စီ ကိုယ်စားလှယ်များဖြင့်တွေ့ဆုံရန် ဖေဖော်ဝါရီ ၁၅ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီး PSLF/TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် စစ်ကောင်စီဘက်က ကစထ(၁) ကစထမှူး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ ကိုကိုဦးတို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိ စစ်ရေးပြဿနာများပြေလည်နိုင်ရေး ဆွေးနွေးမည်ဟု ဆိုသည်။ ဆွေးနွေးပွဲ၌ ပါဝင်မည့် စစ်ကောင်စီကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ကိုးကန့်တပ်မတော်(MNDAA)နှင့် ဆွေးနွေးခဲ့သူဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲစတင်သည့် ယနေ့တွင် TNLA ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က ဆွေးနွေးပွဲအခင်းအကျင်းနှင့် ပတ်သက်ပြီး ယနေ့မနက်တွင် လူမှုကွန်ရက်တွင် ယခုကဲ့သို့ ရေးသားအသိပေးခဲံသည်။

“နစကနဲ့ လုပ်ရတဲ့ ကူမင်းဆွေးနွေးပွဲ။ MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေဆွေးနွေးမဲ့သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်။နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှကြီးနေဆဲ”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားသည်။

တရုတ်စီစဉ်သည့် ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်နေချိန်၌ပင် စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ဟု TNLAက ယမန်နေ့ညတွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို တောင်ခမ်းတပ်စခန်းများမှ လက်နက်ကြီး ၁၃၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Y12 လေယာဉ်ဖြင့် ဗုံး ၃၈လုံး ကြဲချခဲ့သည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၁၀ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၅ဦး သေဆုံးကာ ၁၉ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။