Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် အုပ်စုဖွဲ့ဖုန်းခိုးသည့်အဖွဲ့ကိုပြည်သူများဝိုင်းဖမ်းဆီး

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင်၊ဘုန်းကြီးကျောင်းအတွင်း ကိုယ်ပိုင်ကားဖြင့် အုပ်စု့ဖွဲ၍ ဖုန်းဝင်ခိုးသည့်အဖွဲ့ကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

အုပ်စုဖွဲ့ ဖုန်းခိုးသူများဆို​သောအဖွဲ့မှ တဦးကို​ဒေသခံပြည်သူများက ဖမ်းဆီး၍ ကြိုတုတ်ထားစဥ် နှင့် ၎င်းတို့ပါလာ​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင်၊ဘုန်းကြီးကျောင်းအတွင်း ကိုယ်ပိုင်ကားဖြင့် အုပ်စု့ဖွဲ၍ ဖုန်းဝင်ခိုးသည့်အဖွဲ့ကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာမြို့နယ်၊၃ ရပ်ကွက်၊ ငွေကြာရံကျောင်း၌ ဖေဖော်ဝါရီလ၁၆ရက်နံနက်ပိုင်း၌ သံဃာများ ဆွမ်းခံထွက်နေချိန် လူသုံးဦးထက်မနည်းပါသော အဖွဲ့က ကိုယ်ပိုင်ကားဖြင့်ဖုန်းများဝင်ခိုးခြင်းဟု ဆိုသည်။

“အရင်ကလည်းအဲဒီလိုအခိုးခံရဖူးတယ်။ အခုဝိုင်း​စောင့်ပြီးဖမ်းတာ။ တစ်ယောက်ကိုတော့မိတယ်။ ကျန်တဲ့သူတွေထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါအဖွဲ့စီးလာသည်ကားသည် အုပ်စုဖွဲ့ခိုးသူများပိုင်ဆိုင်သည့် တက္ကစီကားဖြစ်ပြီး စားဝတ်နေရေးအဆင်မပြေ၍မဟုတ်ဘဲ စီးပွားဖြစ်ခိုးနေခြင်းဟု ဝိုင်းဝန်းဖမ်းဆီးခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ​ရေးသားထားသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီက ပျူစောထီးများနှင့် ပြည်သူ့စစ်အဖွဲ့များကို လုပ်ပိုင်ခွင့်ပေးထားပြီးတရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့ကြောင်း၊ ဖုန်းနှင့် ရွှေထည်လုယက်ခံရမှုများမကြာခဏဖြစ်ပွားပြီး ဖမ်းမိသည့်တရားခံများကို ပျုစောထီးအမည်ခံလူမိုက်များက လာရောက်ခေါ်ဆောင်သွားလေ့ရှိကြောင်း မြို့ခံတစ်ဦးကပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်က ရန်ပိုများနေပြီ။နေရထိုင်ရတာလုံးဝမလုံခြုံဘူး။ မြို့နယ်တိုင်းမှာ စစ်တပ်ကအခွင့်အရေးပေးထားတဲ့ လူမိုက်အဖွဲ့တွေရှိနေပြီ”ဟုတာမွေမြို့ခံတဦးကပြောသည်။

ယုဇနပလာဇာတွင် ဖုန်းလုယက်ခံရသူတစ်ဦးကသူ့အ​တွေ့အကြုံ​ပြောရာတွင် အမျိုးသမီးတစ်ဦးပါအဖွဲ့က ၎င်း၏ဖုန်းကိုဆွဲယူသွားပြီး ကျန်အမျိုးသားနှစ်ဦးက ဓား‌ မြောင်နှင့်ထောက်ကာ ခြိမ်းခြောက်ပြီး ဖုန်းကိုအလွယ်တကူယူဆောင်သွားသည်ဟု ပြောပြသည်။

ငွေကြာရံကျောင်းအတွင်းဖုန်းဝင်ခိုးသည့်အဖွဲ့မှ ဖမ်းမိထားသူတစ်ဦးကို ဒေသခံများက စစ်​ကောင်စီ၏ တောင်ဥက္ကလာပရဲစခန်းသို့အပ်နှံလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

Facebook