Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရန်လာ​ခေါ်သည့် ရဲနှင့် ပျူများကို အိမ်ရှင်ကဓါးဖြင့်ခုတ် ၊ ရဲတပ်ကြပ်နှင့်ပျူတစ်ဦး​သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် လူငယ်တဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီရဲ နှင့် ပျူစောထီးအဖွဲ့အား အိမ်ရှင်မိသားစုဝင်ကဓါးဖြင့်ခုတ်ရာနှစ်ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

ဓါးဖြင့်ခုတ်ခံရပြီး​သေဆုံးခဲ့​သော ရဲတပ်ကြပ်ကြီး ကျော်သူရ

■တစ်ပါတ်အတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများကို စစ်သားသစ်စု​ဆောင်းခြင်းနှင့်ပတ်သက်၍ ပြည်သူများကဒုတိယအကြိမ်​မြောက်ပြန်လည်တိုက်ခိုက်ခြင်းဖြစ်

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် လူငယ်တဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီရဲ နှင့် ပျူစောထီးအဖွဲ့အား အိမ်ရှင်မိသားစုဝင်ကဓါးဖြင့်ခုတ်ရာနှစ်ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

“မကျည်းကုန်းမှာဖြစ်တာ။ စစ်မှုထမ်းဖို့ စာရင်းပေါက်လို့ လာခေါ်ချိန် ဓါးနဲ့ စောင့်ခုတ်တာ။ စစ်ကောင်စီဘက်က ရဲတပ်ကြပ်ကြီး နဲ့ ပျူစောထီးတစ်ယောက်သေတယ်။ဓားနဲ့ခုတ်တဲ့အိမ်ရှင်ကိုလည်းသေနတ်နဲ့ မသေမချင်းပစ်သတ်သွားတယ်”ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်သည် အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် ဖေဖော်ဝါရီလ၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

အောင်လံမြို့မရဲစခန်းမှရဲတပ်ကြပ်ကြီး ကျော်သူရဦးဆောင်သော ရဲတပ်ဖွဲ့ဝင်အချို့နှင့် ပျူစောထီးအဖွဲ့ပါ ၆ ဦးသည် အရပ်ဝတ်ဖြစ်လာရောက်ပြီး အဆိုပါအိမ်မှလူငယ်တစ်ဦးအား စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းဖြစ်သည်။လူငယ်၏မိသားစုဝင်က တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခဲ့သူသည် စစ်မှူးထိုင်ရန်ခေါ်ဆောင်ခံရသည့်လူငယ်နှင့် မည်သို့တော်စပ်သည်ကိုအသေးစိတ်မသိရသေးပေ။

ဓားဖြင့်ခုတ်သူအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားသည်ကို နောက်ထပ်ဒေသခံတစ်ဦးက ထပ်မံ အတည်ပြုသည်။

“အောင်လံမှာလည်း စစ်ကောင်စီက တော်တော်လေးကိုသရမ်းနေတာ။အခုလို ပြန်ပြီးတိုက်ခိုက်ခံရတာ ကောင်းတယ်။ အဲဒီလိုဖြစ်စဉ်တွေနောက်ထပ်ထပ်ကြားရလိမ့်မယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်များအား အတင်းအကျပ် ဖမ်းဆီးပြီး စစ်သားစုဆောင်းကာ စစ်သင်တန်းပေးခဲ့သည်။ စစ်သင်တန်းဆင်းများသည် လအနည်းငယ်အတွင်း ရှေ့တန်းသို့ပို့ဆောင်ခံရပြီး ထိခိုက်သေဆုံးမှုများသလို၊အလင်းဝင်သူများလည်းရှိသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများကလည်း အများအပြားဖမ်းမိထားသည်။ ထို့အပြင်စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်သားသစ်အဓမ္မစုဆောင်းနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရပ်သားပြည်သူများက ပြန်လည်ခုခံတိုက်ခိုက်သည်မှာ ဒုတိကြိမ်မြောက်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်းနှင့် အိမ်ထောင်စုစာရင်းလိုက်လံကောက်သည့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

” စစ်အာဏာရှင်က အိမ်တိုင်းရဲ့တံခါးကိုလာခေါက်နေပြီ။ မတရားလာလုပ်သူတွေကို ရရာလက်နက်နဲ့ပြန်ခုခံမှရတော့မယ်။ကိုယ့်မိသားစုကိုယ်ကာကွယ်ကြရမှာပဲ” ဟု အောင်လံမြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook