Connect with us

Hi, what are you looking for?

သတင်း

ပုဂံမှာတရားရုံးထုတ်လုံခြုံရေးယူဖို့သွားတဲ့ ရဲအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

မန္တလေးတိုင်း ညောင်ဦးမြို့နယ် အတွင်း တရားရုံးထုတ် လုံခြုံရေးအတွက် ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး လမ်းခုလတ်မှာ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားတယ်လို့ ပုဂံဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ညောင်ဦးမြို့နယ် အတွင်း တရားရုံးထုတ် လုံခြုံရေးအတွက် ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး လမ်းခုလတ်မှာ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားတယ်လို့ ပုဂံဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်း ၉ နာရီခန့်က ပုဂံနယ်မြေ ရဲစခန်းကနေ ဒုရဲအုပ်အမျိုးသမီး က ဆိုင်ကယ် ၁ စီး၊ ရဲတပ်သားနဲ့ ရဲတပ်ကြပ်တို့ က ဆိုင်ကယ် ၁ စီး စုစုပေါင်း ၂ ဦးနဲ့ ထွက်ခွာလာချိန် ပုဂံမြို့ဟောင်း ၊ အလိုတော်ပြည့် ဘုရားအနီးမှာ ပစ်ခတ်ခံရတာပါ။

ဆိုင်ကယ်နဲ့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ ပုဂံမြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အခင်းဖြစ်တဲ့ နေရာကို အတားအဆီးတွေ ချပြီး အသွားအလာ ကန့်သတ်တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ အဲဒီ ပုဂံမြို့ခံ က ဆိုပါတယ်။

အခုလို ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ လူပြတ်လပ်တဲ့နေရာမဟုတ်ဘူးလို့လည်းသိရပါတယ်။

ပုဂံမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးပစ်ခတ်ခံရတဲ့ ဖြစ်စဉ် ဒီမနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းကို ပစ်မှတ်ထား ဝါဒဖြန့်တဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကလည်းဖော်ပြပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ရဲတပ်သား ရီဝေဦး ၊ ရဲတပ်ကြပ် ခင်မောင်မြင့်နဲ့ ဒုရဲအုပ်ဝါဝါထွန်းတို့ ဖြစ်ပြီး ရဲတပ်သားနဲ့ ရဲတပ်ကြပ်တို့ သေဆုံးသွား တယ်လို့ ဝါဒဖြန့် ချန်နယ်က ဖြန့်ဝေပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ အလိုတော်ပြည့်ဘုရားအနီး အနော်ရထာလမ်းပေါ်မှာ Honda Fit ကားပေါ်ကနေ ပစ်ခတ်ခံရတာလို့ ဝါဒဖြန့် ချန်နယ်ရဲ့ ဖြန့်ဝေချက်မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။