Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ​၏ သံချပ်ကာယာဉ် မီးလောင် ပျက်စီးနေသည်ကို AA ကထုတ်ပြန်ထားစဉ်။ ဓာတ်ပုံ - AA

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ၏ ရဲတပ်ရင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်တွေမြို့အဝင် အမြင့်ကျွန်းစစ်ကောင်စီစခန်းအနီးတွင် ဖေဖော်ဝါရီ ၁၇ရက်ညနေ ၆နာရီမှ ည ၉နာရီခန့်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ခြင်းဟု စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

“အပြန်အလှန်ပစ်ခတ်တာတွေ ညနေကတည်းကကြားနေရတာ။ မိုးချုပ်ခါနီးမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပတ်ပစ်တယ်။ အကြိမ်ရေမနည်းဘူးလာပစ်တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲသည့်နေရာမှာ စစ်တွေမြို့နှင့်ဆက်စပ်နေသော ပေါက်တောမြို့နယ်အတွင်းဖြစ်ပြီး မီးလောင်ပေါက်ကွဲမှုများရှိသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည့် ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းစခန်းများကို AAက ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က တိုက်ခိုက်မှုအတွင်း စစ်တွေမြို့ရှိ ရဲတပ်ရင်း(၁၂)အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

AAသည် ပြီးခဲ့သည့်၂၀၂၄ ဒီဇင်ဘာလမှစ၍ စစ်တွေမြို့အနီးရှိ စစ်ကောင်စီဂိတ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့်တန်ပြန်ပစ်ခတ်ခဲ့၍ အရပ်သားသေဆုံးမှုများရှိခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(ဒကစ-စစ်တွေ) လက်အောက် မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်တွေမြို့သည် AAသိမ်းယူပြီးဖြစ်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ရသေ့တောင်မြို့နယ်တို့နှင့် ထိစပ်နေသည်။

မြို့တွင်း၌ စစ်ကောင်စီက ခံစစ်ပြင်ဆင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲများအတွင်း တပ်စခန်းများလုံးဝမဆုတ်ခွာရန် ဖိအားပေးခံထားရကြောင်း ရခိုင်အခြေစိုက် Western Newsသတင်းဌာနက ဖော်ပြထားသည်။

စစ်တွေမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ AAက အသေးစိတ်သတင်းမထုတ်ပြန်သေးသော်လည်း စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများ နေ့တိုင်းရှိနေခဲ့သည်ဟု ဇန်နဝါရီ ၂၇ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook