Connect with us

Hi, what are you looking for?

သတင်း

ရေး-မော်လမြိုင် လမ်းမကြီးပေါ် ၌ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ရေးဘီးလူးသတိ​ပေး

မွန်ပြည်နယ်၊ ရေး-မော်လမြိုင် လမ်းမကြီးပေါ် ၌ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ရေးဘီးလူးခေါင်း ဆောင်က လူထုနွေဦးသို့ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က ရေး-မော်လမြိုင်လမ်းမပေါ်၌ ရေးဘီလူးတပ်ဖွဲ့ဝင်များကို တွေ့ရ စဥ်။ ဓာတ်ပုံ-ရေးဘီလူး

ရဲခေါင်/​People’s Spring

မွန်ပြည်နယ်၊ ရေး-မော်လမြိုင် လမ်းမကြီးပေါ် ၌ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ရေးဘီးလူးခေါင်း ဆောင်က လူထုနွေဦးသို့ပြောကြားသည်။

ယခင် တော်လှန်ရေးအင်အားစုစိုးမိုးနယ်မြေဖြစ်သည့် ရေး-မော်လမြိုင် လမ်းမပေါ်ရှိ ကွမ်ဒူးရွာတစ်ဝိုက်သို့စစ်ကောင်စီကတပ်စွဲလာခြင်းကြောင့်ဖေ​ဖော်ဝါရီ ၁၉ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်။

စစ်ကောင်စီ၏ ​​ခြေလျင်တပ်ရင်းနှင့် ​ခြေမြန်တပ်ရင်းများဖြစ်​သော ခလရ ၁၉ ၊ခမရ ၅၈၆ နှင့် ခလရ ၁၀၆ တို့ ပူးပေါင်းတပ်စွဲထားသည့် ကွမ်ဒူးကျေးရွာ ကွမ်းသီးတောဘုရားကုန်းနေရာကို ရေးဘီလူးတပ်ရင်း တပ်ခွဲ( ၂) ၊မြေပြင်တိုက်ခိုက်ရေးတပ်ခွဲ နှင့် ဒရုန်းတပ်စိပ် တို့က ​ဖေ​ဖော်ဝါရီ ၁၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“အဲဒီနေရာမှာ စကစ အင်အား ၇၀ ထက်မနည်းရှိတယ်။ ပြီးခဲ့တဲ့လပိုင်းကမှ လာတပ်စွဲထားတာ။စစ်မှု ထမ်းဆင်း အပတ်စဥ် ၇ နဲ့ ၈ က လူငယ်တွေပါတယ် လို့သိရတယ်။အရင်က အဲဒါ ကျွန်တော် တို့နယ်မြေပေါ့။စကစ တပ် ပြန်မဆုတ်မချင်းကျွန် တော်တို့တိုက်မှာ”ဟု ရေးဘီးလူးခေါင်းဆောင်က ပြောသည်။

ထို့ကြောင့် ရေး-မော်လမြိုင်ကားလမ်းပေါ်၌ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်၍ စစ်ကောင်စီတပ်စွဲရာ နေရာများနှင့် ရေး-မော်လမြိုင်လမ်းပိုင်အသုံးပြုမှု ကို သတိပြုရန် ၎င်းက တိုက်တွန်းသည်။

​ဖေ​ဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရေးလမ်းမကြီးပေါ်ရှိ ကွမ်းဒူးနှင့် နှင်းစုံကျေးရွာကြား တံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း ကို တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်ကအနည်းဆုံးငါးဦး သေကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့တွင်စစ်ကောင်စီ၏ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်ရင်းများအခြေစိုက်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလုယက်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ