Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းကို စစ်ကောင်စီက အင်အားနှင့် ခဲယမ်းရိက္ခာများဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ လေထီးဖြင့် ခဲယမ်းရိက္ခာချပေးမှုအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းကို စစ်ကောင်စီက အင်အားနှင့် ခဲယမ်းရိက္ခာများဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ မြောက်ခင်ရန်းကျေးရွာအား ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းမှ ယနေ့(ဖေဖော်ဝါရီ ၂၀ရက်) နံနက် ၁ နာရီခွဲခန့်အထိ Y-12 လေယာဥ်မှ လေထီးဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများချပေးခဲ့သည်ဟု ဆိုသည်။

“Y-12 လေယာဥ်ပေါ်က လေထီးနဲ့ချပေးတဲ့ အထုပ်များကို မြောက်ခင်ရန်းကျေးရွာက ပျူစောထီး အင်အား ၂၀၀ခန့်က ကြိုတင်စောင့်ဆိုင်းကာ ထွက်ယူဆောင်ခဲ့ကြတယ်လို့လည်းသိရတယ်။အထုပ်ရေ အရေအတွက်ကို အတည်ပြုဆဲပဲ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် ယောအလင်းတန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၈ရက်ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 17 ဖြင့် စစ်မှုထမ်းထမ်းတပ်သားသစ် အင်အား ၅၀ ခန့်ကို မြောက်ခင်ရန်းကျေးရွာသို့ ပေးပို့ခဲ့ကြောင်းအသိပေးသည်။

ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းရှိ အိမ်ခြေ ၁,၅၀၀ခန့်ရှိသော မြောက်ခင်ရန်းကျေးရွာအား စက်တပ်လေထီး (Promotor)နှစ်ခုကိုပါ စစ်ကောင်စီက အားဖြည့်ထား ကြောင်းလည်း သိရသည်။

မြောက်ခင်ရန်းကျေးရွာသည် ဂန့်ဂေါမြို့နယ် အတွင်း ပျူစောထီးအားအကောင်းဆုံး ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဘန်ကာများဖြင့် အခိုင်အမာနေရာယူ တပ်စွဲထားကြောင်းလည်း ဒေသတွင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

“ပျူရွာတွေ ကျန်သေးတယ်။စစ်ရေးကတော့ ဒီထက်ပိုပြီး ထိရာက်စွာ လုပ်ဆောင်ဖို့ရှိပါတယ်”ဟု ကလေး-ဂန့်ဂေါလမ်းပိုင်းစစ်ဆင်ရေးဖော်ဆောင်နေသည့် CDF KKG တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဖေဖော်ဝါရီ ၁၁ရက်ကစ၍ ဂန့်ဂေါ – ကလေးလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကမ္ဘားနီစခန်း အပါအဝင် အောင်သာယာရွာသစ်၊ အောင်သာယာ ရွာဟောင်း၊ မှန်တောကျေးရွာနှင့် ကြံသာကျေးရွာများအား တော်လှန်ရေးအင်အားစုများက သိမ်းပိုင်နိုင်ခဲ့သည်။

ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါမြောက်ပိုင်းရှိ ကျောက်ပြုတ်၊မြောက်ခင်ရန်း၊ ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ လယ်ကြီးအရှေ့နှင့် လယ်ကြီးအနောက်တို့သည် စစ်ကောင်စီက လက် နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးအားကောင်းသည့် ကျေးရွာများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook