Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် ခရလ(၂၃၆) တပ်ရင်းကို သိမ်းပိုက်ပြီး ဟု KIA အတည်ပြု

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၂၃၆) ​ခြေလျင်တပ်ရင်း (ခလရ-၂၃၆)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၀ ရက်မနက် ၈ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ထုတ်ပြန်သည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှ KIA တပ်ဖွဲ့ဝင်များ ၊ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Kachin Net ၊ 7 Stars News

■စစ်သုံ့ပန်းများဖမ်းဆီးရရှိပြီး စစ်​ကောင်စီတပ်၏ဒရုန်းနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၂၃၆) ​ခြေလျင်တပ်ရင်း (ခလရ-၂၃၆)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၀ ရက်မနက် ၈ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များသည် ဗန်းမော်ရှိ စကခ(၂၁) တပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ​ဖော်ပြထားသည်။စစ်ကောင်စီဘက်ကလည်း လေယာဉ် ၊ ဒရုန်း ၊လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်ဟုလည်း KIAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ခလရ(၂၃၆) တပ်ရင်း သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်သုံ့ပန်းများစွာဖမ်းဆီးရရှိခဲသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် စစ်တပ်၏ဒရုန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆက်​ပြောသည်။

“၇၀ ကျော် ဖမ်းမိတယ်။ သေတာလည်းများတယ်။ အရေအတွက်ပြောဖို့ခက်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ခလရ(၂၃၆) တပ်ရင်းကို ဖေဖော်ဝါရီ ၁၇ရက်ကတည်းက သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၁၈ ရက်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ​ပြောသည်။

KIA ပူးပေါင်းတပ်များသည် ခလရ(၂၃၆)အပါအဝင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော အမတ(၃၆၆) တပ်ကိုလည်း အပြီးသတ်သိမ်းပိုက်ပြီးဖြစ်သည်ဟုသိရသည်။ စကခ( ၂၁) ​ရှေ့ရှိ ကာထား​​သော ခလရ (၂၃၆) ၊ အမတ (၃၆၆)တို့ကို သိမ်းပိုက်လိုက်ပြီဖြစ်၍ KIA နှင့် ပူး​​ပေါင်းတပ်များထိုးစစ်မှည စကခ(၂၁) အနီး​ရောက်လာပြီဖြစ်သည်။

ထို့ပြင် ဗန်းမော် လေယာဉ်ကွင်းတစ်ခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်သည် ဇန်နဝါရီလကုန်ကတည်းက ဗန်းမော်လေယာဉ်ကွင်း အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး ခလရ(၂၃၆)ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းနှင့်အတူ လေယာဉ်ကွင်း တခုလုံးကိုပါအပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့တွင် အသိပေးသည်။

“လေယာဉ်ကွင်း ၄မိုင်ခန့်ရှည်ပါတယ်။…။ ကွင်းနဲ့ကပ်တဲ့ လ ၂၃၆ ရမှ ကွင်း ပတ်ပတ်လည် တပ်မရှိတော့ပါ”ဟုကချင်သတင်းရင်းမြစ်ကခလရ(၂၃၆)သိမ်းပိုက်နိုင်မှုနှင့် လေယာဉ်ကွင်းတစ်ခုလုံး သိမ်းပိုက်နိုင်မှု အခြေအနေကို ရှင်းပြထားသည်။

နှစ်လခွဲကျော်ကြာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲတွင် အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ် အပါအဝင် တပ်ရင်းဌာနချုပ်များ ၊ တပ်စွဲရာနေရာများ တခုပြီး တခု ကျရှုံးနေသည့် စစ်ကောင်စီတပ်သည် Cluster Bomb များ၊ Thermobaric Bombများ အသုံးပြု တိုက်ခိုက်လျက်ရှိပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံလျက်ရှိသည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook