Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်မှု အရပ်သားလေးဦး သေ‌ဆုံး၊ ၁၇ဦး ဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသည့် ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး သေ‌ဆုံးပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသည့် ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး သေ‌ဆုံးပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

ပေါက်တောမြို့နယ် သဲခုံရွာ၊မညှင်းကိုင်း၊ ပြင်မ၊ကျောက်တောင်၊ ဆင်တက်မော်တောတန်းရွာ၊ဆင်တက်မော်ဘောဒလီရွာ၊ ဆင်တက်မော် (မွတ်ဆလင်ရွာ)၊ အနောက်ရဲ(မွတ်ဆလင်ရွာ)
တို့ကို ဖေဖော်ဝါရီ ၂၀ရက် နေ့လယ်တွင်
Y-12လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ခန့်ကြဲချခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“သေဆုံးရတာက ရခိုင်တွေရော၊ မွတ်ဆလင်တွေပါ ပါတယ်ဗျ။ Y12 လာပစ်တာ။ တိုက်ပွဲလည်းရှ်ိမနေဘဲပစ်တာ”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာတွင် ရွာစဉ်အလိုက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟု ရခိုင်တိုင်းရင်းသားအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

ပေါက်တောမြို့ကို ၂၀၂၄ ဇန်နဝါရီ ၁၉ရက်တွင် AAက သိမ်းယူထားခြင်းဖြစ်သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

၂၀၂၄ စက်တင်ဘာ ၈ရက်တွင် ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာတွင် စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ထားသောနေရာကို
စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်းစစ်ကောင်စီအရာရှိအချို့အပါအဝင် (၁၇)ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း AAထိန်းချုပ်ထားသည့်မြို့နယ်များကို လေကြောင်းမှမကြာခဏ တိုက်ခိုက်နေသည်။

ဇန်နဝါရီ ၈ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၆ဦးသေဆုံးကာ ၂၀ကျော်ဒဏ်ရာရပြီး ပျောက်ဆုံးနေသည်များလည်းရှိသည်ဟု AAက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၈ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAကထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီအတွင်းကလည်း ကျောက်တော်မြို့၊ဂွမြို့၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်းမြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်းမြို့တို့သည် AAကလက်ရှိ ထိုစစ်ဆင်တိုက်ခိုက်နေသော စစ်တွေမြို့နှင့် ဆက်စပ်နေသော မြို့နယ်များဖြစ်ပြီး စကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများနှင့်လူနေရပ် ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကျူးလွန်​နေ​ကြောင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ် အရေးယူသွားမည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook