Connect with us

Hi, what are you looking for?

သတင်း

အမ်း – ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲဖြစ်၊ ခဲယမ်းအချို့သိမ်းရကြောင်း အရှို ချင်းတပ်ပြော

အမ်း – ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း အရှို ချင်းကာကွယ်တပ် (ACDF)ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက လူထုနွေဦးသို့ ပြောသည်။

အရှို ချင်းကာကွယ်တပ် (ACDF)တပ်မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ACDF

ရဲခေါင်/People’s Spring

အမ်း – ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း အရှို ချင်းကာကွယ်တပ် (ACDF)ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စပ်စီရွာနှင့် ပျဥ်းဝကျေးရွာကြားလမ်းပိုင်း သိန်းလေးဆယ်ကွေ့အနီးတွင် အရှိုချင်းကာကွယ်တပ်(ACDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“အမ်း-ပဒါန်းလမ်း တောင်ပေါ်ဒေသဘက်ကို စစ်ကူ သွားမယ့် ယာဥ်တန်းရဲ့ အရှေ့ပွိုင့်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာ”ဟု ဆလိုင်းခနီလေဗွေက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရှေ့ပွိုင့်မှ ထိခိုက်သူများရှိပြီးနောက် ထွက်ပြေးစဉ် ACDFက လိုက်လံရှင်းလင်းရာ စစ်ကောင်စီ နောက်ပါယာဥ်တန်းမှ ခဲယမ်းတစ်ချို့ သိမ်းဆည်း ရရှိခဲ့ပြီး ယာဉ်တန်းမှာလည်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်၏ အင်မားဖြည့်တင်းလာမှုနှင့် နောက်ဆက်တွဲ စစ်ရေးအခြေအနေကိုမူ ACDF က မှတ်ချက်ပြုခြင်း မရှိပေ။

ဒေသတွင်းသတင်းအချက်အလက်များအရ အမ်းနှင့် ငဖဲမြို့နယ်ကြားရှိ မထုံး၊ အထက်တုံးကြီးနှင့် အောက်တုံးကြီးကျေးရွာများရှိ စစ် ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၁၆ရက် တွင် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။

မကွေးတိုင်း၊ငဖဲမြို့နယ်ရှိ အမ်းနှင့် ပဒါန်းလမ်းပိုင်းတွင် တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများအပါအဝင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်သားများ အားဖြည့်ထားသည်။

ထိုအပြင် ဂုတ်ကြီးကျေးရွာအနီးတိုက်ပွဲ၌ တပ်မ (၉၉)ဗျူဟာမှုး ဒုဗိုလ်မှုးကြီးကျော်ကျော်သက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို AA က ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းမိခဲ့သည်။

ငဖဲမြို့နယ်တွင် အမှတ်(၉၀၅)အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံတို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသောအမ်းမြို့ နှင့် ကမ်းထောင့်ကြီးမြို့ကို ဇူလိုင်လ-၄ ရက်နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။

သတင်း

မကွေးနှင့် ပဲခူးတိုင်းတို့​တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်(ACDF) ၏ ရဲဘော်သစ်များ သင်တန်းဆင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သို့ စစ်ကောင်စီက လေကြောင်းမှ ပို့ဆောင်ခဲ့သည့် စစ်သားများ တပ်စွဲထားသော တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံနှင့်အမြောက်တပ်စခန်းကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းယူလိုက်သည်။