Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သား ၂ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AA

ဩဂုတ် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၈ရက် ညပိုင်းမှာ တလိုင်းတောင်ကျေးရွာက ကားဝပ်ရှော့တစ်ခုနဲ့ အနီးဝန်းကျင်ကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၇ နှစ်အရွယ် သက်ကြီးရွယ်အို ၁ဦးနဲ့ ကားဝပ်ရှော့ အလုပ်သမား ၁ဦး တို့ သေဆုံးကာ ကလေး ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင်နဲ့ ဩဂုတ်အတွင်းမှာ AA ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်နယ်က အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်ခဲ့ရာ လေယာဉ်အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။

မြောက်ဦးနဲ့ သံတွဲမြို့တွေကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ဇူလိုင် ၂၃ရက်ကနေ ဩဂုတ် ၄ရက်အထိ နှစ်ပတ်အတွင်း အရပ်သား ၇ဦး ထက်မနည်းသေဆုံးကာ ၂၉ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း AAက ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

မိုးတွင်းကာလဖြစ်ပေမဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို သတိထားသွားလာနေထိုင်ကြဖို့ လိုအပ်ကြောင်းAAက ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook