Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို သုံးရက်အတွင်း ၆၀၀ကျော်ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်နေရာ သုံးရက်အတွင်း ၆၀၀ကျော် ပြန်ပို့ပေးထားတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ ဖေဖော်ဝါရီ ၂၀ရက်မှာ ထိုင်းစစ်တပ်က ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - Khu Sam

People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်နေရာ သုံးရက်အတွင်း ၆၀၀ကျော် ပြန်ပို့ပေးထားတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၀ရက်မှာ စတင်ခေါ်ဆောင်ရာ ပထမဆုံရက်မှာ ၂၀၀ဦီး၊ မနေ့က ၃၀၀ဦးနဲ့ ဒီကနေ့(ဖေဖော်ဝါရီ ၂၂ရက်)မနက်မှာ ၁၁၂ဦး နေရပ်ပြန်ပို့ပေးတာလို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒါပေမယ့် ဒီကနေ့အတွက် စာရင်းကိုတော့ လက်ရှိမနက်ပိုင်းအထိ ၁၁၂ဦးသာ ပြန်ပို့ပေးဖို့ စာရင်းရထားသေးတယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလော နေရပ်ပြန်ပို့ပေးတဲ့သူတွေဟာ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့သူ မပါသေးဘဲ နေရပ်ပြန်ချင်တဲ့သူတွေသာဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပထမဆုံးရက် နေရပ်ပြန်ပို့ပေးတဲ့နေ့မှာ ပြောထားပါတယ်။

မြဝတီဒေသက ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyi ဟာ ဖေဖော်ဝါရီ၁၇ရက်က မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ဖို့ ဆွေးနွေးပြီး သုံးရက်အကြာမှာ ပထမဆုံးအသုတ်အနေနဲ့ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မြဝတီ – မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

မြဝတီဒေသမှာရှိနေတဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရပ်ပြန်ချင်သူတွေ အားလုံးကို ပြန်ပို့ပေးမှာလို့လည်း ကရင်နယ်ခြားစောင့်တပ်(BGF)ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

” ပြန်ချင်တဲ့သူတွေ အကုန်ပြန်ပို့မှာ”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

လက်တလော မြဝတီမြို့မှာ BGFက ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား တစ်ထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGFထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုတွေစတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

မြဝတီဒေသမှာ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းတွေရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုတွေ ဖေဖော်ဝါရီ ၅ရက်က စတင်ဖြတ်တောက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

Facebook