Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့်ဓာတုဗုံးများအသုံးပြုတိုက်ခိုက်လာဟု KNDFမိုးဗြဲဇုန်တပ်ရင်းမှူး ပြော

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့် ဓာတုဗုံးများဖြင့် ပြန်လည်အသုံးပြုတိုက်ခိုက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက ပြောသည်။

ဓာတ်ပုံ - မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးဖြင့်တိုက်ခိုက်၍ မီးလောင်နေသည့်ရုပ်သံဖိုင်

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့် ဓာတုဗုံးများဖြင့် ပြန်လည်အသုံးပြုတိုက်ခိုက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၏ မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက ပြောသည်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး တစ်လကျော်ကြာ ထိုးစစ်အတွင်း စစ်ကောင်စီက လေကြောင်း မှတိုက်ခိုက်မှုလည်း ပိုမိုပြုလုပ်နေသည်ဟု ဆိုသည်။

“မီးလောင်ဗုံးနဲ့ အဆိပ်ငွေ့ဓာတုတွေကို ပြီးခဲ့တဲ့နှစ်ရက်က ကြဲသွားတာ။အိမ်တချို့မီးလောင်သွားတယ်။အဆိပ် ငွေ့ကြောင့်က လူတော့ မူးဝေစေတယ်။ နုံးစေတယ်”ဟု တပ်ရင်းမှူးသိန်းထွန်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရှိန်မြင့်နေသည့် မိုးဗြဲမြို့တိုက်ပွဲတွင် လိုအပ်သော စားနပ်ရိက္ခာ၊ဆေးဝါနှင့်ခဲယမ်းများကိုလည်း တက်နိုင်သည့်ဘက်က ပါဝင်ပေးကြရန်လည်း ၎င်းက တိုက်တွန်းသည်။

မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးရန် စစ်ကောင်စီက ယခုနှစ်ဆန်းပိုင်းကစ၍ အင်အားသုံးထိုးစစ်ဆင်မှုကို စုပေါင်း၍ ခုခံကာကွယ်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေကြောင်း မိုးဗြဲ PDFနှင့် KNDF မိုးဗြဲ ဇုန်က အသိပေးထားသည်။

သို့သော် လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းများနေ့စဥ် ပစ်ခတ်နေသည့်အပြင် အများပြည်သူနေထိုင်ရာ ဒေသများအထိ ပစ်မှတ်ထားလာ၍ မိုးဗြဲမြို့တွင်း ပြည်သူများဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ၂၈ရက်အထိ ခေတ္တပိတ်ထားမည်ဟု ကြေညာထားသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ထိုးစစ်အတွင်း အဓမ္မစစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ထားသည့် လူငယ်တပ်သားသစ်များ အသုံးပြုနေပြီး ဖေဖော်ဝါရီ ၅ ရက်ကလည်း ကရင်နီပူးပေါင်းတပ်၏ မိုးဗြဲမြို့စေတမန်ဘုရားကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ရာတွင် အပတ်စဥ်(၆)မှ တပ်သားသစ်များပါဝင်သည်ဟု အထောက်အထားအချို့ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

Facebook