Connect with us

Hi, what are you looking for?

သတင်း

ဒေသအများစု အချိန်အခါမဟုတ် မိုးရွာနိုင်ဟု MOHADM သတိ‌‌ပေး

မြန်မာနိုင်ငံဒေသအများစု၌ ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)မှ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထုတ်ပြန်သည်။

ယနေ့တွင် ရန်ကုန်မြို့၌ မိုးရွာသွန်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - People's Spring

အိမ်သွင်/People’s Spring

မြန်မာနိုင်ငံဒေသအများစု၌ ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)မှ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထုတ်ပြန်သည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးရွာနိုင်ခြင်းဟု သတိပေးထားသည်။

လက်ရှိ ရာသီဥတုအခြေအနေသည် လေထုမတည်မငြိမ်ဖြစ်နေရာမှာ မြန်မာတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၄ရက်မှ ၂၅ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအများအပြား နေရာကွက်မိုးရွာနိုင်ပြီး ဖေဖော်ဝါရီ ၂၆ရက်မှစ၍ မွန်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်အတွင်း အချိန်အခါမဲ့ မိုးရွာနိုင်သလို နေ့အပူချိန်များ ဆက်လက်မြင့်မားနေနိုင်ကြောင်း MOHADMက ထုတ်ပြန်သည်။ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ ဇန်နဝါရီနှောင်းပိုင်းမှစ၍ ‌အပူချိန်များ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

Facebook