Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ရွှေလုပ်ကွက်နေရာတွေ စစ်တပ်ကလေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ရွှေလုပ်ကွက်နေရာတွေကိုလည်း စစ်တပ်ကလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄၈) ခြေလျင်တပ်ရင်းရှေ့မှာတွေ့ရတဲ့ မန္တလေး PDF ရဲဘော်တွေ။ ဓာတ်ပုံ - မန္တလေး PDF

မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ရွှေလုပ်ကွက်နေရာတွေကိုလည်း စစ်တပ်ကလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက ပြောပါတယ်။

ဇန်နဝါရီ ၂၂ရက်က ချောင်းကြီးကျေးရွာအနီးက ရွှေလုပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူတစ်ဦးသေဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ရက် ဒီနေ့မနက်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ထဲကနေရာကို စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုတော့ မသိရသေးပါဘူး။

သပိတ်ကျင်းမြို့နယ်အတွင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က မကြာခဏပြုလုပ်လေ့ရှိပြီး လူသေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။

လက်ရှိမှာ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ကျေးရွာအနီးနဲ့ (၇)မိုင်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေရှိ​နေဆဲဖြစ်တာမို့ တော်လှန်ရေးတပ်တွေကို သက်ဆိုင်ရာက အင်တာဗျူးဖြေဆိုခွင့် ပိတ်ထားတယ်လို့လည်းသိရပါတယ်။

၂၀၂၄ ဒီဇင်ဘာ၂ရက် ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က ချောင်းကြီးကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook