Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်း နေအိမ်တစ်သိန်းကျော် စစ်တပ်မီးရှို့ဖျက်ဆီး

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရူပါ/People’s Spring

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၆၉၅၀ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က အသိပေးပါတယ်။

စစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၃၁၁၀ လုံး ပျက်စီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မေလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်ပေါင်း ၃၈၄၀ အတွက် ကျူးလွန်တဲ့အဖွဲ့အစည်းကို အတည်မပြုနိုင်သေးဘူးလို့ Data for Myanmar အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

People’s Spring Infographic

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သါရီတိုင်းနဲ့ မွန်ပြည်နယ်က အရပ်သားနေအိမ်ပေါင်း ၅၄၁လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာပဲ ဘုတလင်မြို့နယ်၊ စီပါရွာက နေအိမ်ပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ထိုလအတွင်း မီးရှို့ခံရတဲ့ကျေးရွာများအနက် အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထပ်မံအသိပေးပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ ၇၄၄၁၉ လုံး မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့အရေအတွက်ရဲ့ ၆၉ ရာခိုင်နှုန်းရှိတယ်လို့ Data for Myanmar က ဖော်ပြပါတယ်။

Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအခြေအနေတွေ မပါဝင်သေးပါဘူး။ အဲဒီလတွေမှာလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ရှိမ္မကားရွာ၊ ရွာသစ်ရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မကျီးစင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ကာ ပြည်သူ အမျိုးသား ၁ ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

မကွေးတိုင်းမှာပဲ ဖေဖော်ဝါရီ ၉ ရက်က စလင်းမြို့နယ်၊ အုန်းတောကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေ

Facebook