Connect with us

Hi, what are you looking for?

သတင်း

ချင်းတော်လှန်ရေးအင်အားစုပေါင်းစည်းမည့် ချင်းအမျိုးသားကောင်စီနှင့်လက်တွဲမည်ဟု ကရင်နီတပ် KNPP အသိပေး

ညီညွတ်ရေးအတွက် နိုင်ငံရေးအမြင်ကြီးစွာညှိနှိုင်းသဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်မှု အပေါ် ဂုဏ်ပြုကြောင်း ဖော်ပြ

အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ် ၊အိုက်ဇောလ်မြို့တွင် ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန်သဘောတူခဲ့ကြသည့် နှစ်ဖက် ကိုယ်စားများနှင့် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တို့အား ဖေဖော်ဝါရီ ၂၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းပြည်ကောင်စီ

ဟန်နွေ/People’s Spring

ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့၏ ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်အပေါ် ဂုဏ်ပြုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ယနေ့ (ဖေဖော်ဝါရီ ၂၈ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့ပြီး ကောင်စီနှစ်ခု ပေါင်းစည်းဖြစ်ပေါ်လာမည့် ချင်းအမျိုးသားကောင်စီနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့သည် ချင်းပြည်အတွင်း အမျိုးသားညီညွတ်ရေးကိုရှေးရှု၍ ကောင်စီနှစ်ရပ်ကို ပေါင်းစည်းပြီး ချင်းပြည်အတွင်း “ချင်းအမျိုးသားကောင်စီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန် သဘောတူကြောင်း ပူးတွဲကြေညာခဲ့မှုအပေါ် KNPPက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

KNPPအနေဖြင့် ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့၏ ချင်းအမျိုးသားများအကြား စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးအမြင်ကြီးစွာဖြင့် ညှိနှိုင်းသဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် ချင်းအမျိုးသားကောင်စီနှင့် အတူတကွလက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းလည်း KNPP၏ သဝဏ်လွှာ၌ ပါရှိသည်။

KNPP ကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ချင်းတော်လှန်ရေးအင်အားစု ၂ခု ပေါင်းစည်းနိုင်ရေး သဘောတူညီချက် ရရှိမှုအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ဖေဖော်ဝါရီ ၂၇ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ပြီး အယူအဆသဘောထား ကွဲလွဲမှုများအား ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့သည့် ချင်းနိုင်ငံရေး ဦးဆောင်အဖွဲ့ နှစ်ခု၏ နိုင်ငံရေး သဘောထားကြီးမှုသည် ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်း အဖြစ် အလေးအနက် စံပြုထိုက်ဖွယ်ဖြစ်ကြောင်း ဖော်ပြသည်။

ချင်းတော်လှန်ရေးအင်အားစု နှစ်ခု ညီညွတ်ရေး သဘောတူညီချက် ရရှိမှု၊ ရှေ့ဆက် ပေါင်းစည်းနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် ချင်းပြည်ကောင်စီနှင့် ICNCC၊ချင်းညီနောင် တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ခုနှစ်ဟာ ပြည်သူ့အင်အားကို အဓိကထားပြီး တော်လှန်ရေးကို ပိုမိုမြန်ဆန်စွာ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ့် နှစ်တနှစ်အဖြစ် ပုံဖော်ကြရမှာဖြစ်ကြောင်း ချင်းပြည်(Chinland)ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။