Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်ကျတဲ့ မကွဲသေးတဲ့ လက်နက်ကြီးကျည် မဖယ်ရှားသေး၍ ဒေသခံတွေ စိုးရိမ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်လို့ ကျလာပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ၃ ရက်ကြာတဲ့အထိ မဖယ်ရှားရသေးလို့ ပြည်သူတွေစိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ်၊ ချမ်းမြဝတီရပ်ရှိ မပေါက်ကွဲသေးသော လက်နက်ကြီးကျည်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

မင်းညို/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်လို့ ကျလာပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ၃ ရက်ကြာတဲ့အထိ မဖယ်ရှားရသေးလို့ ပြည်သူတွေစိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၆)ရက်က မုံရွာမြို့နယ်၊ ဗောဓိတထောင် တာဝါတိုင်ကုန်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန် မုံရွာမြို့ထဲက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည်တစ်လုံးဟာ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် မနောသုခလမ်းထဲ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေအိမ်တအိမ်ခြံဝင်းထဲကျတာ။ မကွဲသေးဘူး။ ဟိုက(စကစ) ကျွန်တော်တို့မသိမ်းရဲဘူးဆိုပြီး ပြန်သွားတာပြောတယ်။ အဲနားက ခိုးဆိုးလုနှိုက်တွေ ပေါပါတယ်ဆိုမှ အခုဘယ်သူမှတောင် မရှိဘူး”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလုံ/ကန်သာယာကနေ ဗောဓိတစ်ထောင်ဘက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တာပါ။ အိမ်တွေတောင်တုန်တယ်။ ၁၂ လုံးလောက်ရှိတယ်။”လို့ အခြားဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။

လက်နက်ကြီးကျည် မကွဲသေးတာကြောင့် အဲဒီခြံနဲ့အနီးဝန်းကျင် နေအိမ်တချို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး တချို့ကတော့ သဲအိတ်တွေ ကာထားကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဗောဓိတထောင် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ရာမှာ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးပြီး လက်နက်(၁၀)လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။