Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံ – တောင်ကြီးလမ်းတွင် ခရီးသည် တင်ကား လမ်းဘေးပြုတ်ကျ၊ ခရီးသည် ၇ဦးသေဆုံးပြီး ၂၅ဦးဒဏ်ရာရ

ကျိုင်းတုံ – တောင်ကြီးလမ်းပိုင်းတွင် ခရီးသည် တင်ကားတစ်စီး လမ်းဘေးချောက်အတွင်းပြုတ်ကျပြီး ခရီးသည် ၇ဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျိုင်းတုံ - တောင်ကြီးလမ်းပိုင်းတွင် ခရီးသည် တင်ကားတစ်စီး လမ်းဘေးချောက်အတွင်းပြုတ်ကျအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - PGN

မိထက်/People’s Spring

ကျိုင်းတုံ – တောင်ကြီးလမ်းပိုင်းတွင် ခရီးသည် တင်ကားတစ်စီး လမ်းဘေးချောက်အတွင်းပြုတ်ကျပြီး ခရီးသည် ၇ဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁ရက် ည ၈နာရီခန့်က တာချီလိတ်မှ မန္တလေးမြို့သို့လာည့် ခရီးသည်တင်ယာဉ်ကားတစ်စီးသည် ကျိုင်းတုံမြို့နယ်မှ စပါယ်ရှယ်တောင်အဆင်းမိုင်တိုင်အမှတ် ၃၆၆ မိုင်အနီးတွင် လမ်းဘေးသို့ ထိုးကျသွားခြင်းဟု သတင်းရရှိသည်။

” ကူညီကယ်ဆယ်ရေးပြီးတဲ့အထိ သေဆုံးသူ ၇ဦး၊ ဒဏ်ရာရတာ ၂၅ဦး ရှိသွားတယ်။ ကားပေါ်ပါသူ အကုန်ထိတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါခရီးသည်တင်ယာဉ် ချောက်ထဲပြုတ်ကျမှုအတွင်း အမျိုးသား ၅ဦး နှင့် အမျိုးသမီး ၂ဦး သေဆုံး စုစုသေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးပူးပေါင်းလုပ်ဆောင်ခဲ့သည့် တိုင်းနေနာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။

“တောင်ကြီး – တာချီလိတ်လမ်းမှာ ကားအများစု စည်းကမ်းမဲ့မောင်းနေကြတာ ထိန်းမရ သိမ်းမရပဲ။ ခရီးသည်တွေရဲ့ အသက်က ယာဉ်မောင်းပေါ် မူတည်နေတာလေ။ ဒါတွေကို ထိန်းလို့ မရတော့ဘူးလား။ ထိန်းနိုင်သူ မရှိတော့ဘူးလား”ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ချောက်အတွင်းထိုးကျသွားသော ကားသည် GI ခရီးသည်တင်ယာဉ်ဟု ဒေသခံများက ပြောသလို တာချီလိတ်အခြေစိုက်သတင်းဌာနက Tachilate News Agency ကလည်း ရေးသားထားသည်။ ထိခိုက်သေဆုံးသူ ခရီးသည်များအတွက် လျော်ကြေးကိစ္စကို ယာဉ်လိုင်းဘက်မှ စနစ်တကျလိုက်ပါ‌‌ဆောင်ရွက်ပေးရန် တာချီလိတ်မြို့ခံအချို့က ပြောသည်။

အသေးစိတ်မေးမြန်းနိုင်ရန် GI ခရီးသည်တင်ယာဉ် ကားဂိတ်အား ဖုန်းဆက်သော်လည်း မရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ စမ်းရေမိုးဇာတ်ပွဲလာကြည့်တဲ့ ပရိသတ်ရဲ့ကားတစ်စီး လမ်းဘေးချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။