Connect with us

Hi, what are you looking for?

သတင်း

ခြေမြန်တပ်မဌာနချုပ်မှ စစ်သားနှစ်ဦးအလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(မတ်လ ၃ရက်) တွင် ထုတ်ပြန်သည်။

ခြေမြန်တပ်မဌာနချုပ်(၁၀၁)မှ အလင်းဝင်လာသော စစ်ကောင်စီတပ်သားသစ်နှစ်ဦး။ ဓာတ်ပုံ - BRR

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(မတ်လ ၃ရက်) တွင် ထုတ်ပြန်သည်။

တပ်မ(၁၀၁)မှ နှစ်ပွင့်ဗိုလ်နှင့်အတူ KTV သွားရောက်ရာ ၎င်းမူးနေချိန်တွင် ခဲယမ်းများယူဆောင်ပြီး ဖေဖော်ဝါရီ ၂၈ရက်က ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

အဆိုပါဖြစ်စဥ်ကို မဟာမိတ်အဖွဲ့မှ ဆက်သွယ်အကူညီတောင်းလာမှုကြောင့် ထွက်ပြေးလာသူနှစ်ဦးကို ကယ်ထုတ်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Burma Revolution Rangersက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကယ်တင်နိုင်ခဲ့သူများသည် (၂၇)နှစ်အရွယ် ပိုင်သူထွန်းနှင့် (၂၅)နှစ်အရွယ် ဘိုရဲတို့ဖြစ်ပြီး ၎င်းတို့သည် ကျည်ခဲယမ်းများ ယူဆောင်လာခဲ့ကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ခလရ(၂၅၄) တပ်ရင်းမှ တပ်ကြပ် စံမိုးဆိုသူကို ကယ်ထုတ် နိုင်ခဲ့ပြီး ၎င်းသည် ပခုက္ကူမြို့နယ်၊ အင်ပင် ကျေးရွာဂိတ်တွင် တာဝန်ကျနေသူဖြစ်ပြီး တပ်တွင်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာခဲ့ခြင်းဟု ထွက်ဆိုထားသည်။

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းရန်စုဆောင်းခံထားရသူများအနက် သုံးဦးသည် ယခုနှစ်ဆန်းပိုင်းတွင် လက်နက်ခဲယမ်းအချို့သယ်ဆောင်ကာ Burma Revolution Rangersထံ ဘက်ပြောင်းခိုလှုံမှုရှိထားသည်။

ထို့အပြင် စစ်ကိုင်းတံတားတွင် ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခံရသူတစ်ဦးလည်း တပ်မ(၁၀၁)မှ မတ်လ ၁ရက်တွင် လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်က ပြဌာန်းခဲ့သည့်စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတစ်ဝန်း လူငယ်များ အဓမ္မလူသစ်စုဆောင်းခံရပြီး ရာနှင့်ချီသောတပ်သားသစ်များသည် စစ်ကောင်စီလက်အောက်မှ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုများထံ အလင်းဝင်လာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့ရဲတပ်ဖွဲ့က ရဲတပ်သားတစ်ဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သတင်း

စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူခြောက်ဦး လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO Local PDF က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန်သည်။