Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူကို ဖမ်းဝရမ်းထုတ်ခွင့်အတွက် ထိုင်းထောက်လှမ်းရေးထပ်မံကြိုးစား၊ အထောက်အထားတွေ ပိုမို ခိုင်မာအောင် စုဆောင်းထားတယ်လို့ဆို

ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ပိုမို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ပါတယ်။

BGF ​ခေါင်း​ဆောင် ဗိုလ်မှူးကြီး​စောချစ်သူ။ ဓါတ်ပုံ-The Nation

ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ပိုမို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း DSI ဟာ စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင် နှစ်ဦးကို နိုင်ငံခြားသားတွေအပေါ် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်ပတ်သက်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်နိုင်ဖို့ တင်ပြခဲ့ဖူးပေမယ့် အထောက်အထား မခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချ ခံခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာတော့ DSI ဟာ ဖမ်းဝရမ်း ထုတ်နိုင်ဖို့ လုံလောက်တဲ့ အနေအထားမျိုး ရှိနေပြီလို့ ယုံကြည် ယူဆခြင်းနဲ့အတူ BGF ခေါင်းဆောင်တွေကို ဖမ်းဆီးခွင့်ပြုရေး အဆိုပြုချက်ကို ရှေ့နေချုပ်ရုံးဆီ မတ်လ ၃ ရက်နေ့မှာ တင်ပြခဲ့တာလို့ Khaosod သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

စောချစ်သူနဲ့ အပေါင်းအပါတွေကိုဖမ်းဝရမ်းထုတ်ဖို့ရည်ရွယ်ထားရာမှာလက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်း၊ ပြည်ပ လူမှောင်ခို လုပ်ငန်းတွေနဲ့ အဆက်အစပ် ရှိနေတယ်လို့လည်း Khaosodက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

DSIရဲ့ လူမှောင်ခို ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး ဆီရီဝတ် ကာဆမ်ဆူယပ်က လက်ရှိ စုဆောင်းထားတဲ့ အထောက်အထားတွေဟာ စောချစ်သူနဲ့ ကြံရာပါတွေကို စွဲချက်တင်နိုင်ဖို့ ဖူဖူလုံလုံ ဖြစ်နေပြီလို့ သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်းထိုင်းရှေ့နေချုပ် ရုံးကတော့ဖမ်းဝရမ်းထုတ်ဖို့သင့်၊မသင့် ချိန်ဆ လေ့လာနေဆဲကာလမှာ DSIကတင်ပြထားတယ်ဆိုတဲ့ အထောက်အထားတွေကို မထုတ်ပြန်သေးပါဘူး။

DSI ဟာ စောချစ်သူကိုသာ မကဘဲ တခြား BGF ထိပ်ပိုင်း အရာရှိတွေ ဖြစ်ကြတဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကိုပါ ဖမ်းဝရမ်း ထုတ်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံသား ၈ ဦးကို မြဝတီမြိုထဲကျားဖြန့် ငွေလိမ်ဂိုဏ်းတွေက အဓမ္မ လူမှောင်ခိုကူးခဲ့ကြောင်း စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ အဆိုပြုခဲ့တဲ့ DSIရဲ့ ကနဦး အားထုတ်မှုကတော့ စွပ်စွဲချက်အတွက် အထောက်အထား မခိုင်လုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရှေ့နေချုပ်ရုံးရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ်။

​စောချစ်သူက ထိုင်းဘက်က ပထမအကြိမ်ဖမ်းဝရမ်းထုတ်ဖို့ကြိုးစားတဲ့အခါ သူဟာထိုင်းပြည်သူ​တွေ နစ်နာ​အောင် ဘာမှလုပ်မထားဘူးလို့ မီဒီယာ​တွေကို​ဖြေခဲ့ပါတယ် ။ဒါ​ကြောင့်ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားတဲ့အ​ပေါ် စိတ်မ​ကောင်းဘူးလို့ ဆိုခဲ့ပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။