Connect with us

Hi, what are you looking for?

သတင်း

သာ​ပေါင်းတွင်တိုက်ပွဲဖြစ်၍ ဆင်များကို​ နေရာ​ပြောင်း

ရခိုင်ပြည်နယ် နှင့် ဧရာ၀တီတိုင်းနယ်စပ်သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ၍ သစ်ထုတ်လုပ်ရေးဆင်များကို စစ်​ကောင်စီလက်​အောက်ခံ သစ်​တောဝန်ထမ်းများကနေရာပြောင်းရွှေ့​ပေး​နေသည်။

သစ်​တောဝန်ထမ်းများကဆင်များကို ​နေရာ​ပြောင်း​ရွေ့​နေစဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ရခိုင်ပြည်နယ် နှင့် ဧရာ၀တီတိုင်းနယ်စပ် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ၍ သစ်ထုတ်လုပ်ရေးဆင်များကို စစ်​ကောင်စီလက်​အောက်ခံ သစ်​တောဝန်ထမ်းများကနေရာပြောင်းရွှေ့​ပေး​နေသည်။

သာပေါင်းမြို့နယ်မရမ်းချိုရွာမှသစ်ထုတ်လုပ်ရေးဆင် အကောင်ရေ၁၀၀ ကျော်ကိုဖေဖော်ဝါရီလကုန်မှာစ၍ အသုတ်လိုက် နေရာရွှေ့ နေခြင်းဖြစ်သည်။

အဆိုပါဆင်များသည် မူလက ဂွမြို့နယ်ဒေါင်းချောင်း ဆင်စခန်းမှဖြစ်ပြီး အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲ တိုက်ခိုက်သည့် ၂၀၂၄ ဒီဇင်ဘာလတွင် သစ်တောဝန်ထမ်းများနှင့်အတူ သာပေါင်းမြို့နယ်ဘက်သို့ လာရောက် တိမ်းရှောင်ခြင်းဖြစ်သည်။ ယခုအခါ သာပေါင်း၌ တိုက်ပွဲပြင်းထန်လာ၍ ထပ်မံရွှေ့ပြောင်းခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငရုတ်ကောင်းဘက်ကို ထွက်သွားကြတယ်။ ဆင်တွေလည်း သနားပါတယ်။ဒါတွေကို ပူတင်ကို ဆရာတင်ထားတဲ့ကောင်( အာဏာသိမ်းစစ်ခေါင်းဆောင်) မသိဘူး” ဟု သာပေါင်းဒေသခံတဦးကပြောသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့တွင် ၂၀၂၄ ဇူလိုင်လက တိုက်ပွဲများ အတွင်း သစ်ထုတ်လုပ်ရေး ဆင် ၁၃၈ ကောင်နှင့်အတူ သစ်တောဝန်ထမ်းများတိမ်းရှောင်လာကြ၍ တော်လှန်ရေးတပ်များက ထိန်းသိမ်းစော‌က်ရှောက်ပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းရှိ အ​လောင်း​တော်ကဿပ သဘာဝကြိုဝိုင်းအတွင်းရှိ ဆင်များ နှင့် မ​ကွေးတိုင်း ၊ဂန့်​ဂေါမြို့ရှိ ဆင်စခန်းများမှ ဆင်ဦးစီ များနှင့် သစ်​တောဝန်ထမ်းများက ​ဆင်များနှင့် အတူCDM ပြုလုပ်၍ ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်းခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။