Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(မတ်လ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ဖမ်းမိခဲ့သည့်စစ်ကောင်စီတပ်သား တစ်ဦးအားတွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို ပကဖ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(မတ်လ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ခလရ(၂၅၆)တပ်ရင်းလက်အောက်ခံ တပ်သား ကျော်ထွေးအား ဖေဖော်ဝါရီ၂၇ရက်တွင် ရေစကြိုမြို့အမှတ်(၃) သောင်ခုံပေါ်တစ်နေရာ၌ ဖမ်းမိခဲ့ခြင်းဟု ဆိုသည်။

၎င်းနှင့်အတူ MA1တစ်လက်နှင့် ကျည်များ သိမ်းဆည်းရကာ ဖမ်းစီးခံရသော တပ်သားကျော်ထွေးမှာ ၂၀၁၄ နိုဝင်ဘာ ၁ရက်က စစ်ကောင်စီ၏ အတင်းအဓ္ဓမတပ်သားသစ်စုဆောင်းခံရသူတစ်ဦးဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၂၈ရက်တွင် ရေစကြိုမြို့နယ် ခလရ(၂၅၈)တပ်ရင်းမှ တပ်သား မင်းမင်းထက်၊ တပ်သား စောအိုင်းဇက်၊တပ်သား ထက်ကိုနိုင်နှင့် တပ်သား ရဲဇော်တို့လည်း ဗုံးသီးနှင့် ကျည်များ ယူဆောင်ကာ ရေစကြိုပကဖ ထံ အလင်းဝင်လာကြောင်း ဖော်ပြသည်။

အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားလေးဦးမှာ စစ်ကိုင်းတံတားပေါ်နှင့် နေရာများတွင် ခရီးသွားလာရင်း စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်း ပေါ်တာဆွဲခံခဲ့ရသူများဖြစ်ပြီး ယခုအခါ ၎င်းတို့​၏မိသားစုများနှင့်ဆက်သွယ်ကာ ကောင်းမွန်စွာပြန်လည်အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

မတ်လ ၁ ရက်တွင်လည်း ရေစကြိုမြို့နယ် ခလရ (၂၅၆)တပ်ရင်းမှ တပ်သားကျော်ဇေယျာဝင်း၊တပ်သားဖိုးကုလား တို့နှစ်ဦးလည်း အလင်းဝင် လာခဲ့သည်။

၎င်းတို့ယူဆောင်လာသော ဗုံးသီးနှင့်ခဲယမ်းများ အား ကာကွယ်ရေးရဲဘော်များထံအပ်နှံကာ ကောင်းမွန်စွာနေထိုင်လျှက်ရှိကာ စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ထံစိတ်ချစွာခိုလှုံကြရန် ရေစကြိုပကဖက တိုက်တွန်းထားသည်။

လက်ရှိတွင် ရေစကြိုနှင့် မြောင်မြို့နယ်ကြား ထိုးစစ်တွင် စစ်ကောင်စီက အင်အားထပ်မံဖြည့်ထားကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

“စစ်ကောင်စီဘက်မှ အင်အား ၆၀ခန့်ထပ်တိုးထားကာ မတ်လ ၄ ရက်နံနက်ပိုင်းထိ လှုပ်ရှားမှုမရှိသေးပါ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာ များနှင့် မြောင်မြို့နယ်မှ နနွင်းကိုင်း၊ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံကျေးရွာတို့မှ ဒေသခံပြည်သူ ၁၅,၀၀၀ ထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကစ၍ ရေစကြိုမြို့နယ်မှ အင်အား ၁၆၀ ခန့်ဖြင့် ရေစကြိုနှင့် မြောင်မြိုနယ် ဒေသအစပ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ ထိုနေ့၌ပင် ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်းငါးလောင်းနှင့် ခြောက်ဦးဖမ်းမိပြီး လက်နက်လေးလက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။