Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့နယ် ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းစစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သံဃာတစ်ပါး ပျံလွန်တော်မူ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေဖြစ်သည့် ဖာပွန်မြို့နယ် ကျောက်ကွင်းရာကို မတ်လ ၅ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စကစ အခုက စာသင်ကျောင်း၊ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်း လူထုတွေ သတိထားသင့်တယ်။ သူတို့ ခဏခဏ ဗုံးလာကြဲတယ်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသ၌ စစ်ကောင်စီက ယမန်နေ့(မတ်လ ၅ရက်)နှင့် ယနေ့တွင် လေယာဉ်ပျံဝဲမှုများ ရှိနေကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

KNU ဗဟိုကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို အသိပေးထားရာ မတ်လ ၃ရက်က တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ကို လေကြောင်း ဗုံါ်ကြဲခဲ့၍ ပြည်သူလူထုပိုင် ပစ္စည်းများထိခိုက်ပျက်စီးခဲ့ရကြောင်း အသိပေးသည်။

ထို့ပြင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့ကိုလည်း မတ်လ ၄ရက်နှင့် ၅ရက်က လေကြောင်း တိုက်ခိုက်မှု ၂ရက်ဆက်ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်မဟုတ်သည့် ဘာသာရေး အဆောက်အဦးများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ပြည်သူများ နေထိုင်သည့် နေရာများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဗုံးကြဲလျက်ရှိကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။