Connect with us

Hi, what are you looking for?

သတင်း

ရှမ်း​တောင်မှ ကရင်နီပြည်သို့ ချိတ်ဆက်နိုင်ရန် စစ်​​ကောင်စီက သံလွင်မြစ်ကူးတံတား​ဆောက်​နေ

ရှမ်းပြည်နယ်တောင်ပိုင်း၌ သံလွင်မြစ်ကိုဖြတ်၍ က ရင်နီပြည်နယ်ဘက်သို့ ချိတ်ဆက်မည့် တံတားတစ်စင်းကိုစစ်ကောင်စီကတည်ဆောက်နေကြောင်း ထိုင်းသတင်းဌာနက Khaosod English က ဖော်ပြ သည်။

သံလွင်မြစ်ကူးတံတားတည်​ဆောက်​နေမှုကိုမတ်လ ၂ ရက်က ​တွေ့ရစဥ် / ရှမ်းပြည်နယ်​တောင်ပိုင်းရှိ လင်း​ခေးခရိုင်​နှင့် ကရင်နီပြည်အစပ်​ဒေသကို ​မြေပုံတွင်​တွေ့ရမှု ။ ဓါတ်ပုံ-Khaosod English

တံတား​ဆောက်ပြီးပါက ကရင်နီပြည်သို့ စစ်ကူနှင့် လက်နက်ခဲယမ်း၊ရိက္ခာများတင်ပို့နိုင်ဟု​လေ့လာသူအချို့​​ပြော

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၌ သံလွင်မြစ်ကိုဖြတ်၍ က ရင်နီပြည်နယ်ဘက်သို့ ချိတ်ဆက်မည့် တံတားတစ်စင်းကိုစစ်ကောင်စီကတည်ဆောက်နေကြောင်း ထိုင်းသတင်းဌာနက Khaosod English က ဖော်ပြ သည်။

လန်းကာခရိုင် ဘန်းဟွာမွေကျေးရွာတွင် သံလွင်မြစ်ကိုဖြတ်၍ တံတားတစ်စင်း တည် ဆောက်နေပြီဟု မြန်မာနိုင်ငံဘက်မှသယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတံတားသည် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ နယ်စပ်ဒေသများသို့ ပို့ဆောင်ရာ တွင် လွယ်ကူချောမွေ့စေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ကယား(ကရင်နီ)ဘက်သို့လက်နက်ခဲယမ်းများပို​ဆောင်နိုင်သည်ဟု စစ်ရေးလေ့လာသူများကယုံကြည်သည်ဟု လည်း​​ဖော်ပြထားသည်။

“သူ့မူရင်းအရ လန်းကာ ဆိုတာ သူတို့(ထိုင်း)တွေ ခေါ်ဝေါ်တာမျိုးဖြစ်ပါလိမ့်မယ်။အမှန်ဆိုရင်တော့ လင်းခေး ခရိုင် ဖြစ်မှာပါ။လင်းခေး ထဲက နေ ဖြတ်ဆင်းတဲ့ သံလွင်မြစ်ပေါ်ကနေ ဆောက်မှာမျိုးဖြစ်လိမ့်မယ်။ပြီးရင် တော့ ရှားတောထဲကို ဝင်လာမှာပေါ့”ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလက ရှားတောမြို့ကိုက ရင်နီတော်လှန်ရေးတပ်များက အလုံးစုံ သိမ်းပိုက်ထားသည်။ ထို့အပြင် ကရင်နီပြည်နယ် နှင့် ထိုင်းနယ်စပ် ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ခြေကုပ် စခန်း (တောင်ကတုံးစခန်း)ကို လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် KA က သိမ်းပိုက်နိုင်ခဲ့သည်။

“သူတို့တည်ဆောက်နေတဲ့တံတား အချက်အလက်ကို သေချာပြန်ကြည့်ရမယ်။နေရာအသေးစိတ် မသိသေးဘူး”ဟု KA တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းအဆိုပါ​ဒေသတွင် စစ်တပ်လက်​အောက်ခံ ဟိုမိန်းပြည်သူ့စစ် ၊ SSS ပြည်သူ့စစ် အပါအဝင် ပြည်သူ့စစ်အဖွဲ့ များရှိ​ကြောင်း ​ဒေသခံတစ်ဦးက​ပြောသည်။ ​နွေဦး​တော်လှန်​ရေးကာလတွင် ကရင်နီပြည်ရှိ စစ်တပ်စခန်းများ ကို KA နှင့် ကရင်နီ​တော်လှန်​ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်၍ စစ်စခန်းများရိက္ခာပြတ်​နေချိန်တွင် ရှမ်း​တောင်မှပြည်သူ့စစ်အဖွဲ့အချို့စစ်တပ်နှင့်အတူ ကုန်​ကြောင်းမှရိက္ခာပို့ရန်ကြိုးစားခဲ့ကြဖူးသည်။ရိက္ခာလာပို့​သော စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များက တိုက်ခိုက်ပြီး လက်နက်ခဲယမ်း၊ရိက္ခာနှင့် စစ်သုံ့ပန်းအချို့ကိုကရင်နီတပ်များကသိမ်းဆည်းရရှိခဲ့ဖူးသည်။

စစ်ကောင်စီ၏ လင်းခေးမြို့နယ်ရှိ သံလွင်မြစ်ကူးတံတားစီမံကိန်းကို လာမည့်နှစ်အတွင်း အပြီး တည်ဆောက်ရန် ​မျှော်မှန်းထားကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် မိုးဗြဲ၊လွိုင်ကော်၊ဒီးမော့ ဆို နှင့် ဘောလခဲ မြို့တို့တွင် ကရင်နီတပ်​ပေါင်းစု နှင့် စစ်​ကောင်စီတပ်တို့တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်​ကောင်စီက ကရင်နီတပ်​ပေါင်းစုထိန်းချုပ်ထား​သော မိုးဗြဲမြို့ကိုပြန်လည်ရရှိရန် ထိုးစစ်ဆင်​နေပြီး တိုက်ပွဲမှာ ပြင်းထန်နေကာ နှစ်ဖက် ထိခိုက် သေဆုံးမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။