Connect with us

Hi, what are you looking for?

သတင်း

ယောကီးရဲ့ အိမ်အလွမ်းပြေခရီး

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်နေသည့် ချင်းတိုင်းရင်းသားအဆိုတော် ယောကီးသည် တော်လှန်ရေးကာလအတွင်း ချင်းတောင်ပေါ်မှ ၎င်း၏နေအိမ်သို့ ပထမဆုံးအကြိမ် အရောက်ပြန်နိုင်ခဲ့ပြီဖြစ်သည်။

နွေဦး​တော်လှန်​ရေးတွင်ပါဝင်ဆင်နွဲ​နေ​သော​ချင်းတိုင်းရင်းသားအဆို​တော်ယောကီး၏အိမ်အပြန်ခရီး ။ဓါတ်ပုံ-​ယောကီး​ဖေစ်ဘွခ်

ကဖေး/ People’s Spring

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်နေသည့် ချင်းတိုင်းရင်းသားအဆိုတော် ယောကီးသည် တော်လှန်ရေးကာလအတွင်း ချင်းတောင်ပေါ်မှ ၎င်း၏နေအိမ်သို့ ပထမဆုံးအကြိမ် အရောက်ပြန်နိုင်ခဲ့ပြီဖြစ်သည်။

“နောက်ဆုံး ၅ နှစ်မြောက်မှာတော့ နေအိမ်ကို ပြန်ရောက်နိင်ခဲ့ပြီ။မိသားစု စုံစုံလင်လင်နဲ့ နေခဲ့တဲ့အိမ်လေး အမှတ်တရပေါင်းများစွာကို တွေးရင်းနဲ့ တိတ်တိတ်လေး အဝ ငိုခဲ့ရတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု ရေးသားပြီး ငါးနှစ်တာ​ဝေးကွာခဲ့ရ​​​သော အိမ်သို့ ခဏတာ ပြန်ခဲ့ကြောင်း အသိပေးထားသည်။

တစ်ထပ်အိမ် အနီ‌ ရောင်သွပိမိုးပျဉ်ထောင်အိမ်က​လေးနှင့်အလွမ်း​ပြေရိုက်ကူးထားသည့်ဓာတ်ပုံသုံးပုံကိုလည်း ယောကီးက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယောကီးသည် နာမည်ကြီးအဆိုပြိုင်ပွဲဖြစ်သည့် Myanmar Idol တွင်စစ်တပ်အာဏာမသိမ်းခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့သူဖြစ်သည်။

ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်းလိုလို ပြုံးရွှင်နေတတ်သည့်သူ့ကို ပရိတ်သတ်နှင့် သူငယ်ချင်းအပေါင်းအသင်းများက ချစ်ခင်ကြသည်။ သူနှင့်အတူပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချင်းတိုင်းရင်းသားအဆိုတော်အချို့လည်းချင်းလူထုတော်လှန်ရေး၌ ပါဝင်နေသည်။

ချင်းတော်လှန်ရေးတပ်များသည် ချင်းပြည်နယ်အတွင်း မင်းတပ် ၊မတူပီ ၊ မကွီအိမ်နူး ၊ လိုင်လင်းပီ ၊ ဝေဘူလ ၊ကန်ပက်လက်၊ကျင်ဒွေးမြို့တို့ ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုအပြင် ပလက်ဝ နှင့်ဆမီးမြို့ များကို အာရက္ခတပ်တော်နှင့်ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားသည်။

ထိုအပြင်ဖလမ်းနှင့်တီးတိန်မြို့ကိုအပြီးသတ်သိမ်းနိုင်ရေး စစ်ရေးဖော်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်းမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း NUGက ယနေ့ ကျရောက်သည့် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် UFC MMA ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် မက္ကဆီကိုဖိုက်တာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်အားလုံး၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရခဲ့သည်။

သတင်း

ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်​ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။