Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ မိန်းကလေးငယ်တစ်ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီတောင်သာ

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၀ရက် မနေ့ မနက် ၁နာရီခွဲလောက်မှာ သံဘိုကျေးရွာကို စစ်တပ်က စက်တပ်လေထီး (Paramotor)နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီစက်တပ်လေထီးနဲ့ တိုက်ခိုက်မှုမှာ ရွာအနီးက ချောင်းရိုးအတွင်းကျတာမို့ အထိခိုက်မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနေ့ ညနေ ၃နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပန်းပေါင်းအုပ်စု၊ အေးကြင်းရွာကို လာရောက်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ ဘုရားကုန်းအတွင်းကျရောက်ပြီး အသက် ၁၅နှစ်အရွယ် မနန်းစုဝေ သေဆုံးပြီး အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၁၁ရက် ဒီနေ့ မနက် ၁နာရီခွဲလောက်မှာလည်း စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနဲ့ ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“လူတွေက ဗုံးခိုကျင်းတွေထဲ ဝင်နေလို့မထိခိုက်ဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်မှာ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။