Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ယနေ့ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့်မဟာမိတ်တပ်များက ဖော်ဆောင်လျက်ရှိရာ ယနေ့ (မတ်လ ၁၂ရက်)တွင် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

မင်းတပ်မြို့ကို ၂၀၂၄ နိုတင်ဘာ ၂၃ရက်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို တွေ့ရစဉ်/ ချင်းညီ​နောင်တပ်ဖွဲ့ဝင်များ/ ဖလမ်းတိုက်ပွဲတွင်စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များ နှင့် ဖမ်းဆီးထား​သော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - CJ ၊CB

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့်မဟာမိတ်တပ်များက ဖော်ဆောင်လျက်ရှိရာ ယနေ့ (မတ်လ ၁၂ရက်)တွင် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

မတ်လ ၁၂ရက် နံနက် ၅နာရီကတည်းက တိုက်ပွဲပြင်းထန်နေခြင်းဟု ၎င်းက ဆိုသည်။

“ပြင်းထန်ပြီးတော့ ဂျက်ဖိုက်တာကလည်း မိုးလင်းကတည်းကနေ အခုထိ ပစ်နေတုန်းပဲ။ဂျက်ဖိုက်တာအစီးနဲ့ဆိုရင် ၁၁စီးလောက်ရှိပြီ။ အကြိမ်နဲ့ဆို အကြိမ် ၂၀ကျော်ပြီပေါ့ ”ဟု ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်မဟာမိတ်များက ၂၀၂၄ နိုဝင်ဘာဒုတိယပတ်က စတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်သည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း ဖလမ်းမြို့အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်ထားပြီး ဖလမ်းတပ်ကုန်းဟုခေါ်ဆိုသည့် ခလရ(၂၆၈)တပ်ရင်းသာ ကျန်တော့သည်ဟု ချင်းညီနောင်က အသိပေးသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ လူအင်အားဖြည့်တင်းမှုများ ရှိသော်လည်း ချင်းညီနောင်၏ ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများခဲ့ပြီး စစ်သုံ့ပမ်းအများအပြားကို ချင်းညီနောင်ပူးပေါင်းတပ်က ဖမ်းမိခဲ့သည်။

ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကိုပါ အသုံးပြု စစ်အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင်က ဖမ်းမိထားသည့် စစ်သုံ့ပမ်း အချို့က ထွက်ဆိုထားသည်။ ထို့ပြင် ကျန် စစ်ကောင်စီတပ်သားများ အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ကြရန်လည်း စစ်သုံ့ပမ်း လူငယ်အချို့က တိုက်တွန်းထားသည်။

ချင်းညီနောင် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးနှင့်အတူ မင်းတပ်မြို့သိမ်းတိုက်ပွဲကိုပါ တပြိုင်တည်းဆင်နွှဲခဲ့သည်။ တိုက်ပွဲရက်ပေါင်း ၄၀ကျော်အကြား ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်များက အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပမ်းရာချီနှင့် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့သည်။

မင်းတပ်မြို့ကျပြီးနောက် ကန်ပက်လက်ရှိ စစ်ကောင်စီတပ်များက ဒီဇင်ဘာ ၂၁ရက်ညပိုင်း၌ မြို့ကို စွန့်ခွာသွားရာ ကန်ပက်လက်မြို့ကို ဒီဇင်ဘာ ၂၂ရက်တွင် ချင်းညီနောင်က သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။