Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ပန်းညိုရွာ စာသင်ကျောင်းနှင့် နေအိမ်များ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

မြောင်မြို့နယ် ပန်းညိုရွာ စာသင်ကျောင်းနှင့် နေအိမ်များ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CDSOM

▪️ရေစကြိုမြို့နယ်တွင်လည်း ဝင်ရောက်မီးရှို့နေဟုဆို

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ပန်းညိုကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ် ၅၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပန်းညိုကျေးရွာအား ရေကြောင်းနှင့် ကုန်ကြောင်းမှ လာရောက်ပြီး မတ်လ ၁၂ရက် ညပိုင်းကစ၍ မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့(မတ်လ ၁၄ ရက်)မနက်မှာပဲ စစ်ကြောင်းဟာ မြောင်နယ် ပန်းညိုရွာမှ ရေစကြိုနယ် မြေတော်ရွာကိုရောက်သွားကြပါတယ်။ပန်းညိုရွာကိုတော့ စစ်ဘေးရှောင်များ အများစုနေပြီး ကြားကလပညာရေးအတွက် ပညာသင်ပေးနေသော စာသင်ကျောင်း အဓိကထားမီးရှို့သွားတာကိုတွေ့ရပါတယ်။ စုစုပေါင်း ပြည်သူနေအိမ် ၅၀ကျော်ခန့်လည်းမီးလောင်ဆုံးခဲ့ပါတယ်”ဟု CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေစကြိုမြို့နယ် မြေတော်ရွာသို့ ဝင်ရောက် သည်နှင့်တပြိုင်တည်း နေအိမ်များကို မီးဆက်ရှို့နေကြောင်းလည်း ၎င်းက အသိပေးသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိ ပန်းညိုရွာကို အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၂၀၂၂နှင့် ၂၀၂၃တွင် နှစ်ကြိမ်မီးရှို့ခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။

ရေစကြိုနှင့် မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တွင် အင်အား ၂၀၀ ကျော်ပါရှိပြီး ဒေသခံကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများရှိသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ရေစကြိုမြို့နယ်ဘက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မြောင်မြို့နယ် သုခဒီပရွာအနီး ကြားဖြတ် တိုက်ရာ စစ်ကောင်စီတပ်သားအလောင်း ငါးလောင်းနှင့် အရှင်ခြောက်ဦး ဖမ်းမိပြီး လက်နက်လေးလက်ရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်များက ထုတ်​ပြန်ထားသည်။

စစ်ကောင်စီ၏ စစ်ကြောင်းကြောင့် ရေစကြိုနယ်မြို့နယ်မှ မြေစွန်း၊ဆင်ခြေယာ၊မာလကာခြံ၊ရွှေလှန်၊ရွာသစ်ရွာ၊သာခေါင်ကြီး၊ဇရပ်နီ၊သာခေါင်လေး နှင့် ဖြုံဘူးရွာနှင့် မြေတော်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးနေရသည်။

ထို့အပြင် မြောင်မြို့နယ်မှ နနွင်းကိုင်း၊ဆူးလေးကုန်း၊ မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ မြစ်ဆုံ၊ငါးရံ့အိုး ၊မင်းလှ နှင့် ပန်းညိရွာတို့မှ ဒေသခံပြည်သူ ၂၀,၀၀၀ထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook