Connect with us

Hi, what are you looking for?

သတင်း

ပလက်စတစ်ကောက်သူအသွင်ဖြင့် သတင်းယူသော တပ်ကြပ်ကြီးတဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာအုပ်စုသို့ ပလပ်စတစ်ကောက်သူ(ဝဲတဲ)ဟန်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏တပ်စခန်းနေရာအား လာရောက်စုံစမ်းသော စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးကို တားဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA(GBK)PDF မှ တပ်ခွဲမှူးကရင်လေးကပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ နေရာအား အသွင်ယူစုံစမ်းနေသည့် စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်အား စစ်တပ်ယူနီဖောင်းနှင့်တွေ့ရစဥ်။ ဓာတ်ပုံ- ၃၈၀၁၊ တပ်ခွဲ ၁

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာအုပ်စုသို့ ပလပ်စတစ်ကောက်သူ(ဝဲတဲ)ဟန်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏တပ်စခန်းနေရာအား လာရောက်စုံစမ်းသော စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးကို တားဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA(GBK)PDF မှ တပ်ခွဲမှူးကရင်လေးကပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ နေရာအား အသွင်ယူစုံစမ်းနေသည့် စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်အား စစ်တပ်ယူနီဖောင်းနှင့်တွေ့ရစဥ်။ ဓာတ်ပုံ- ၃၈၀၁၊ တပ်ခွဲ ၁

ယနေ့(မတ်လ ၁၅ ရက်)နေ့လယ်၂ နာရီခန့်ကဥယျာဥ်ကြီးအုပ်စု၊ ဥယျာဥ်ကြီးကျေးရွာအနီးတော်လှန်ရေးရဲဘော်များက လုံခြုံရေးယူကင်းစောင့်နေစဥ် အရပ်ဝတ်ဖြင့် ဝဲတဲကောက်သူအသွင်ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်ဆိုသူအား တားဆီးစစ်ဆေးခဲ့​သည်ဟုဆိုသည်။

ထိုစဥ် ဇေယျာထက်၏ လက်ကိုင်ဖုန်းအတွင်း ၎င်းအား စစ်တပ်ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်ထားသည့်ပုံများ၊ စစ်သင်တန်းဆင်းပုံများတွေ့ရှိခဲ့ရာ စစ်ကောင်စီတပ် ကြပ်ကြီးဇောယျာထက်မှ တော်လှန်ရေးရဲ ဘော်အချို့ကို ခုခံထွက်ပြေးရာ ပစ်ခတ်ဖမ်းဆီးခဲ့ရာပွဲချင်းပြီးသေဆုံးသွားကြောင်း YOMA(GBK) PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်က ရှေ့တန်းတစ်နေရာမှာ ကျနော်တို့ရဲဘော်တွေ မိုင်းကွင်းတွေဆင်နေတဲ့အချိန်မှာ ဆိုင်ကယ်တဝှီးဝှီးနဲ့ သွားလာနေတာဗျ။တစ်ကြိမ်လည်းမဟုတ်နှစ်ကြိမ်လည်းမဟုတ်ဆိုတော့သတိထားမိပြီး မသင်္ကာလို့ တားဆီးစစ်ဆေးတာကို ဒီကောင်က အူကြောင် ကြောင်လုပ်နေတာဗျ။ အဲဒါနဲ့ စစ်ဆေးတဲ့ရဲဘော်က ခင်ဗျားမှာ ဖုန်းပါလား ခဏပြပါဆို စစ်ဆေးတဲ့အချိန်မှာ စစ်တပ်ယူနီဖောင်းအပြည့်အစုံနဲ့ လက်နက်ကိုင်ပြီးရိုက်ထားတဲ့ပုံတွေ၊ သင်တန်းဆင်းပုံတွေ၊ ရှေတန်းရောက်ပုံတွေ ရှာတွေ့တဲ့အချိန်မှာ ဒီကောင်က စစ်နေတဲ့ရဲဘော်ကို တွန်းလှဲပြီး ထွက်ပြေးတာ”ဟု စစ်ကောင်စီတပ်ကြပ်ကြီး ဇေယျာထက်နှင့်ပတ် သက်ပြီး YOMA(GBK)PDF တပ်ခွဲမှူး ကရင်လေးက လူထုနွေဦးသို့ ပြောသည်။

ထွက်ပြေးသွားသော တပ်ကြပ်ကြီးဇေယျာထက်အား လိုက်လံပစ်ခတ်ဖမ်းဆီးစဥ်ခြောက်ချက်ပစ်ခတ်ရာကျည်လေးချက်ထိမှန်၍ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းတပ်ခွဲမှူးက ဆက်ပြောသည်။

တပ်ကြပ်ကြီးဇေယျာထက်သည် ကြို့ပင်ကောက်အခြေစိုက် စစ်ကောင်စီတပ်အရာရှိ အေးမင်းဦး၏ တပည့်ရင်းတစ်ဦးဖြစ် ကြောင်း စိစစ်တွေ့ရှိရပြီး ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိပ်ဆည်းရရှိခဲ့ကြောင်း YOMA(GBK)PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။