Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၆)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၆)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တစ်နေရာမှာ ဒေသခံပြည်သူတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “ILO Implement Article 33 On Myanmar Now 2025” စာသားကိုင်​ဆောင်ပြီး စစ်တပ်ကို ILO က ပုဒ်မ(၃၃)အရ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့အမျိုးသမီးမဟာမိတ်အင်အားစု(WAB)တွေ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို ဆန့်ကျင်ကြ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ(၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ၄ နှစ်ပြည့်အထိမ်းအမှတ် ဒုတိယအကြိမ်အဖြစ် LGBTရဲဘော်တွေကို ဂုဏ်ပြုကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ မတ္တရာသပိတ်၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၄)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၂)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရေး လှုံဆော်တဲ့ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၂)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

Facebook