Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ အမျိုးသမီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ

စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း ၊မြင်းခြံမြို့နယ်မှာ အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ၊စစ်သင်တန်းတက်ရောက်နေတဲ့အမျိုးသမီးအချို့ကိုတွေ့ရပုံ ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်

ဆိုင်းမင်း/People’s Spring

စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း ၊မြင်းခြံမြို့နယ်မှာ အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

အမျိုးသမီးစစ်သင်တန်းကို မြင်းခြံမြို့အခြေစိုက် အမှတ်( ၁၅ ) ခြေမြန်တပ်ရင်း ဌာနချုပ် မှာ သင်တန်းပေးနေတာပါ။

” အခုအသုတ်နဲ့ဆိုရင် သုံး ကြိမ်လောက်တော့ရှိနေပြီ “လို့ မြင်းခြံမြို့ပေါ်မှာနေထိုင်တဲ့ အသက်၅၀ အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက မြင်းခြံမှာ အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂၀ စုစုပေါင်း ပြည်သူ့စစ် ၅၀ တို့ စစ်သင်တန်းတက်ရောက်နေတယ်လို့ မတ်လ ၁၃ ရက်မှာ ဖြန့်ဝေလာပါတယ်။

အမျိုးသမီးတွေကို မြင်းခြံမှာ စစ်သင်တန်းပေးနေတာ အပတ်စဉ် (၃) ရောက်နေပြီလို့ သိရပါတယ်။

စစ်သင်တန်းဆင်း အမျိုးသမီးတွေကို မြို့ပေါ်မှာ လုံခြုံရေးချတာတွေ ရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

” မြို့ပေါ် ကင်းစောင့်တာတို့လောက်ပဲ သုံးတယ်လို့ကြားတယ်”လို့ မြင်းခြံမြို့နယ်အတွင်းက တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မြင်းခြံမှာ အာဏာသိမ်းစစ်တပ်နဲ့ ကြံခိုင်ရေးပါတီကို ထောက်ခံအားပေးသူ ဒေါ်သီတာယုမွန်က ပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်နေတာပါ။

ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်ပြုချက်တင်ပြီး တရားဝင် ဖွဲ့စည်းထားတာလို့ ဒေါ်သီတာယုမွန် က ထုတ်ဖော် ပြောဆိုထားပါတယ်။

ဒေါ်သီတာယုမွန်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ကို စစ်ကောင်စီတပ်က စစ်တပ်သုံး MA စီးရီး တိုက်ပွဲဝင် သေနတ်တွေ ၊ စက်လတ် အမျိုးအစား လက်နက် အဆင့်ထိ တပ်ဆင်ပေးတာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြလာတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

မြင်းခြံနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ဒေါ်သီတာယုမွန်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပါ ပါဝင် တိုက်ခိုက်နေသလို ကျေးရွာတွေကို မီးတင်ရှို့တဲ့ လုပ်ရပ်တွေပါ စစ်တပ်နဲ့အတူ ပူးပေါင်းကျုးလွန်နေကြတယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းကနေ မတ်လဆန်းပိုင်းအထိ မြင်းခြံမြို့အရှေ့မြောက်ဘက်ကရွာတွေမှာ တိုက်ပွဲဖြစ်ကြပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက တူရွင်းဘိုး၊ ကျောက်ပြုတ်၊ ဓူဝံကျေးရွာတွေကို မီးတင်ရှို့ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

လက်ရှိမှာတော့ မြင်းခြံနယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ရှိတဲ့ မြင်းခြံ ဟာ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၁၀ ရက်ကဆိုရင် မြင်းခြံ ၊ တောင်သာနဲ့နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲရာနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အထူးစစ်ဆင်ရေး တစ်ရပ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ မြို့တွေ မကျဖို့အတွက်စစ်ကောင်စီတပ်ဟာလေကြောင်းကနေ အပြင်းအထန်အင်အားသုံးပြီး ခုခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။