Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ အမျိုးသမီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ

စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း ၊မြင်းခြံမြို့နယ်မှာ အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ၊စစ်သင်တန်းတက်ရောက်နေတဲ့အမျိုးသမီးအချို့ကိုတွေ့ရပုံ ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်

ဆိုင်းမင်း/People’s Spring

စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း ၊မြင်းခြံမြို့နယ်မှာ အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

အမျိုးသမီးစစ်သင်တန်းကို မြင်းခြံမြို့အခြေစိုက် အမှတ်( ၁၅ ) ခြေမြန်တပ်ရင်း ဌာနချုပ် မှာ သင်တန်းပေးနေတာပါ။

” အခုအသုတ်နဲ့ဆိုရင် သုံး ကြိမ်လောက်တော့ရှိနေပြီ “လို့ မြင်းခြံမြို့ပေါ်မှာနေထိုင်တဲ့ အသက်၅၀ အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက မြင်းခြံမှာ အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂၀ စုစုပေါင်း ပြည်သူ့စစ် ၅၀ တို့ စစ်သင်တန်းတက်ရောက်နေတယ်လို့ မတ်လ ၁၃ ရက်မှာ ဖြန့်ဝေလာပါတယ်။

အမျိုးသမီးတွေကို မြင်းခြံမှာ စစ်သင်တန်းပေးနေတာ အပတ်စဉ် (၃) ရောက်နေပြီလို့ သိရပါတယ်။

စစ်သင်တန်းဆင်း အမျိုးသမီးတွေကို မြို့ပေါ်မှာ လုံခြုံရေးချတာတွေ ရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

” မြို့ပေါ် ကင်းစောင့်တာတို့လောက်ပဲ သုံးတယ်လို့ကြားတယ်”လို့ မြင်းခြံမြို့နယ်အတွင်းက တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မြင်းခြံမှာ အာဏာသိမ်းစစ်တပ်နဲ့ ကြံခိုင်ရေးပါတီကို ထောက်ခံအားပေးသူ ဒေါ်သီတာယုမွန်က ပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်နေတာပါ။

ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်ပြုချက်တင်ပြီး တရားဝင် ဖွဲ့စည်းထားတာလို့ ဒေါ်သီတာယုမွန် က ထုတ်ဖော် ပြောဆိုထားပါတယ်။

ဒေါ်သီတာယုမွန်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ကို စစ်ကောင်စီတပ်က စစ်တပ်သုံး MA စီးရီး တိုက်ပွဲဝင် သေနတ်တွေ ၊ စက်လတ် အမျိုးအစား လက်နက် အဆင့်ထိ တပ်ဆင်ပေးတာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြလာတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

မြင်းခြံနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ဒေါ်သီတာယုမွန်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပါ ပါဝင် တိုက်ခိုက်နေသလို ကျေးရွာတွေကို မီးတင်ရှို့တဲ့ လုပ်ရပ်တွေပါ စစ်တပ်နဲ့အတူ ပူးပေါင်းကျုးလွန်နေကြတယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းကနေ မတ်လဆန်းပိုင်းအထိ မြင်းခြံမြို့အရှေ့မြောက်ဘက်ကရွာတွေမှာ တိုက်ပွဲဖြစ်ကြပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက တူရွင်းဘိုး၊ ကျောက်ပြုတ်၊ ဓူဝံကျေးရွာတွေကို မီးတင်ရှို့ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

လက်ရှိမှာတော့ မြင်းခြံနယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ရှိတဲ့ မြင်းခြံ ဟာ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ၁၀ ရက်ကဆိုရင် မြင်းခြံ ၊ တောင်သာနဲ့နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲရာနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အထူးစစ်ဆင်ရေး တစ်ရပ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာ မြို့တွေ မကျဖို့အတွက်စစ်ကောင်စီတပ်ဟာလေကြောင်းကနေ အပြင်းအထန်အင်အားသုံးပြီး ခုခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ရွှေထည်ငွေကြေးအချို့နှင့်အတူ ပြန်ပေးဆွဲခံရပြီး လေးရက်ကြာသည်အထိ ပျောက်ဆုံးနေသည်။

သတင်း

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက် နံနက် ၁၀နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ရသည်။

သတင်း

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။