Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာတွင် တိုက်ပွဲဖြစ် ၊ ဧရာဝတီတိုင်း စစ်ဧရိယာကျယ်ပြန့်လာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။

လေးမျက်နှာ မြို့နယ် နှင့် ဧရာဝတီတိုင်းမှ မြို့နယ်များကို Google Map တွင်​တွေ့ရပုံ

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။

” ရေကြည်ဘက်ကနေ ပိတ်တယ်။ ဟင်္သာတဘက်ကနေ ဝင်တဲ့လမ်းတွေလည်း အရမ်းစစ်ဆေးနေတယ်။ တိုက်ပွဲက ညက စဖြစ်တာ။ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်တပ်ဖက်က စပြီး စစ်ကြောင်းထိုးတာကနေဖြစ်တာ” ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။

ပုသိမ်၊မုံရွာလမ်းဘေးရှိစက်စက်ယိုရွာနှင့်ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့နယ်သည် ဟင်္သာတခရိုင်အတွင်းပါဝင်သည် ။ ထို့အပြင် ရေကြည်မြို့နယ်၊ မြောက်စမ်းရွာရှိ စစ်ကောင်စီအမြောက်တပ်အမတ(၃၄၄)နှင့်လည်း ဒေသချင်းဆက်စပ်နေသည်။

“ချင်းလယ်ရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထုတ်ခွင့်မပေးဘဲ စစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းသိမ်းထားတယ်။အထူးသဖြင့်ဒေသခံတွေကို မဲမယ့်အနေအထားရှိတယ်”ဟုPDFများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရေကြည်မြို့နယ်တွင်းရှိရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို စစ်ကောင်စီက မတ် ၁၇ ရက်မနက်ပိုင်းတွင် ပိတ်ခဲ့ပြီး​နောက် ရေနံသာလမ်းဆုံကို ပြန်ဖွင့်ပေးသော်လည်း စက်စက်ယိုလမ်းဆုံအားဆက်လက်ပိတ်ထားသည်။ထို့ကြောင့်ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမတ်လ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

အမတ(၃၄၄)ကိုလည်း စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကာအသစ်များတူးနေကြောင်း သတင်းရရှိသည်။အမတ(၃၄၄)သည် လက်ရှိတိုက်ပွဲများဖြစ်နေသော သာပေါင်းမြို့နယ်ဘက်သို့ ပစ်ကူပေးနေသည့်အ​မြောက်တပ်ရင်းဖြစ်သည်။အဆိုပါနေရာကို AA ကပစ်မှတ်ထားတိုက်ခိုက်သိမ်းယူနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

ဧရာဝတီတိုင်းတွင်ပြီးခဲ့သည့် ဇန်နဝါရီလက ရွှေသောင်ယံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်တို့မှ ရခိုင်ရိုးမ နှင့် ဆက်စပ်နေရာများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများကို စစ်ကောင်စီကအသုံးပြုခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။