Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေမှာအဓမ္မ ခိုင်းစေခံရတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်နေပြီလို့ အင်ဒိုနီးရှား​ပြော

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ ရာနဲ့ချီတဲ့ နိုင်ငံသားတွေကိုနေရပ်ပြန်ခေါ်တဲ့အစီအစဉ်စတင်နေပြီလို့ အင်ဒိုနီးရှားကမတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိခဲ့ပြီး​တော့ အင်ဒိုနီးရှားကိုပြန်​ရောက်လာသူတစ်ဦး အင်ဒိုနီးရှားနိုင်ငံကိုပြန်​ရောက်ချိန် ​​လေယာဥ်​ပေါ်ကအဆင်းမြေကြီးကိုနန်း​နေစဥ်။ဓါတ်ပုံ- ရိုက်တာ

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ ရာနဲ့ချီတဲ့ နိုင်ငံသားတွေကိုနေရပ်ပြန်ခေါ်တဲ့အစီအစဉ်စတင်နေပြီလို့ အင်ဒိုနီးရှားကမတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်းနဲ့ ထိစပ်ရာ မြန်မာနိုင်ငံဖက်ခြမ်းမှာအခြေစိုက်တဲ့ ကျားဖြန့် ဂိုဏ်းတွေဆီ လှည့်စား လူကုန်ကူး ခံခဲ့ရပြီး အဓမ္မ ခိုင်းစေမှုတွေ၊ညှင်းပန်းနှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ပြီး ဒုက္ခခံခဲ့ရတဲ့ နိုင်ငံသားတွေကို အသုတ်လိုက် ပြန်လည် ခေါ်ဆောင်နေပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက မတ်လ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုနဲ့အတူ မြန်မာနဲ့ ထိုင်းပါ ပူးပေါင်းပြီး နယ်စပ် ကျားဖြန့်ဂိုဏ်းတွေကို ဖိအားပေးဖြိုခွင်းခဲ့တဲ့နောက် လွတ်မြောက်လာသူ ကျားဖြန့်ဝန်ထမ်းဟောင်း နိုင်ငံခြားသား (၇၀၀၀) ဝန်းကျင်ဟာ မြန်မာဖက်ခြမ်း၊ နယ်စပ်ဖြစ်တဲ့ မြဝတီ မြို့နယ်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။အဲဒီထဲကအများစုဟာ တရုတ်တွေဖြစ်ပြီး နိုင်ငံပေါင်း ၂၂ ခုရဲ့ နိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့မှာတော့ အင်ဒိုနီးရှား နိုင်ငံသား ၄၀၀ ဟာ ထိုင်းကနေတဆင့် အင်ဒိုနီးရှားကို ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ အင်ဒိုနီးရှားရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဘူဒီဂူနာဝမ်က ပြောကြားခဲ့ပါတယ်။ နောက်ထပ် အနည်းဆုံး ၁၅၄ ဦးဟာ မတ်လ ၁၉ ရက်နေ့မှာ အင်ဒိုနီးရှားကို ပြန်ခွင့်ရဖွယ် ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား၊ ထိုင်းနဲ့ တရုတ် အစိုးရတွေ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ အင်ဒိုနီးရှား ၅၅၄ ဦးကို ကယ်ဆယ် ရွှေ့ပြောင်းဖို့ စီမံ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူကဂျာကာတာမြို့နိုင်ငံတကာလေဆိပ်မှာ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ကယ်ဆယ်လာမယ့် အင်ဒိုနီးရှား နိုင်ငံသားတွေဟာ အမျိုးသား ၄၄၉ ဦးနဲ့ အမျိုးသမီး ၁၀၅ ဦးဖြစ်ကြောင်း၊ အားလုံးဟာ ကျားဖြန့် ဂိုဏ်းကြီးတွေရဲ့ လူကုန်ကူးမှု သားကောင်ဘဝ ကျရောက်ခဲ့သူတွေဖြစ်ကြောင်းသူကဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေး ညွှန်ကြားရေးမှူး ဂျူဒ်ဟာ နျူဂရာဟာကတော့ မတ်လ ၁၉ ရက်နေ့မှာ ပြန်လာမယ့် အင်ဒိုနီးရှား နိုင်ငံသား အရေအတွက်ဟာ ၁၆၁ ဦးထိ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပထမအသုတ်ပြန်လာတဲ့အယောက် ၄၀၀ လောက်ကတော့ မြန်မာဖက်ကနေထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းပြီးတဲ့နောက် လေယာဉ် သုံးစီးနဲ့ စီးနင်းလိုက်ပါလာခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အင်ဒိုနီးရှား အယောက် ၂၀၀ လောက် လိုက်ပါလာတဲ့ ပထမဆုံး လေယာဉ်ဟာ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဆိုက်ရောက်လာခဲ့ပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ မြန်မာနိုင်ငံမှာ ပိတ်မိနေခဲ့တဲ့ နိုင်ငံသား ၁၄၀ ကိုဖေဖော်ဝါရီလတုန်းကလည်းထိုင်းနိုင်ငံကနေတဆင့် ရွှေ့ပြောင်း ခေါ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့တရုတ်နိုင်ငံသားအများစု အပါအဝင် လူပေါင်း ၁၂၀၀၀၀ ကျော်ဟာ သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေ ခံခဲ့ရကြောင်း ခန့်မှန်း ကြေညာထားပါတယ်။

ကိုးကား- CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။