Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသမှာ စစ်ကြောင်းထိုးခံရပြီးနောက် အရပ်သား ၁၈ ဦး သတ်ဖြတ်ခံရ

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာမှာ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ ထံကနေ သိရပါတယ်။

ဓာတ်ပုံ - Yesagyo Township Info Committee

ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာမှာ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ ထံကနေ သိရပါတယ်။

ရေလယ်ကျွန်းဒေသရှိ ရေစကြိုမြို့နယ်နဲ့ မြောင် မြို့နယ်အစပ်က ရွာတွေ ဟာ ဖေဖော်ဝါရီလ ၂၆ ရက်ကစတင်ပြီး မတ်လ ၁၈ ရက်အထိ စစ်ကြောင်းထိုးခံရတာပါ။

စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာပြီးနောက် ဒေသခံအချို့ ရွာထဲ ပြန်ဝင်ရာမှာ သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေလယ်ကျွန်းဒေသ မြေစွန်းတော်ရွာ က ၈ ဦး ၊ မာလကာခြံရွာက ၂ ဦး ၊ သာခေါင်ရွာ ၆ ဦး ၊ မြေတော်ကျေးရွာ ၂ ဦး စုစုပေါင်း ၁၈ ဦးသတ်ဖြတ်ခံရတာကို သိရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ ဝင်က အသိပေးပါတယ်။

” မီးရှို့သတ်တာတွေကော၊ ခေါင်းဖြတ်သတ်တာတွေကောလုပ်သွားတာ “လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

အမျိုးသားအများစုသတ်ဖြတ်ခံရတာဖြစ်ပြီး အသက်အရွယ် ၊ ကျားမ အချိုးအစားကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံရာ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကိုဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ၂သောင်းနီးပါးခန့် လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့ နဲ့ထိစပ်နေပြီး မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာတွေကိုလည်း မီးတင်ရှို့တာတွေပြုလုပ်ထားပါတယ်။

မြေစွန်းတော်ရွာကို မတ်လ လဆန်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးနောက် မီးရှို့ဖျက်ဆီးထားတာကိုတွေ့ရပုံ

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။